ကမ္ဘာ့စံချိန်ဆိုသောအရာသည် ရယူရန်အတွက် အလွန်ခက်ခဲလှပြီး ကမ္ဘာပေါ်တွင် လုပ်နိုင်သူမရှိသောအရာများကို လုပ်ဆောင်နိုင်မှသာလျှင် စံချိန်တစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံ Minnessotaတွင်နေထိုင်သော Diana Armstrongဆိုသည့်အမျိုးသမီးဟာ ကမ္ဘာပေါ်တွက် လက်သည်းအရှည်ဆုံးပိုင်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
သူမဟာ လက်သည်းတွေကို မညှပ်ဘဲ အရှည်ထားခဲ့တာဟာ နှစ်ပေါင်း၂၅နှစ်တိုင် ရှိနေခဲ့ပြီဟုသိရပါတယ်။အမျိုးသမီးဟာ ၁၉၉၇ခုနှစ်က ကားမတော်တဆဖြစ်ပြီး သမီးလေးကိုဆုံးရှုံးလိုက်ချိန်မှစကာ လက်သည်းတွေကို လုံးဝဖြတ်တောက်ခြင်းမရှိဘဲ စတင်ကာ အရှည်ထားခဲ့တာဖြစ်ပါတယ်။
လက်သည်းရှည်လွန်းတာကြောင့် ဘာအလုပ်တစ်ခုမှ မလုပ်နိုင်ဘဲ အရာရာကိုအခြားသူအား အကူအညီတောင်းနေရတယ်ဟု သိရပါတယ်။
Shoon (Cele Daily)
Zawgyi
၂၅နှစ်ကြာအောင် မညှပ်ဘဲ လူတစ်ရပ်လောက်အရှည်ရှိသည့် လက်သည်းများကြောင့် ကမ္ဘာပေါ်တွင် လက်သည်းအရှည်ဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည့် အမျိုးသမီး
Shoon (Cele Daily)