အင်ဒိုနီးရှားနိုင်ငံတွင် အသက်၆၅နှစ်အရွယ်သူဋ္ဌေးကြီးတစ်ဦးက အသက်၁၉နှစ်အရွယ်ကောင်မလေးနှင့် လက်ထပ်လိုက်သောအခါ လူအများက မေးခွန်းထုတ်ခဲ့ကြပါတယ်။ထိုအခါ မိသားစုဝင်များကအချစ်စစ်ကြောင့်လက်ထပ်ခဲ့တာဟုဖြေဆိုခဲ့ပါတယ်။
မင်္ဂလာပွဲအတွက် သူဋ္ဌေးကြီးဟာ ကောင်မလေးကို အိမ်ခြံမြေ၊ကား၊ရွှေနှင့်အခြားလက်ဝတ်ရတနာများကိုဝယ်ပေးခဲ့ရပါတယ်။ထို့အပြင် တင်တောင်းငွေနှင့် မင်္ဂလာပွဲစရိတ်အပါအဝင် Rpသန်း၇၀၀လောက်ကုန်ချခဲ့တာဟုသိရပါတယ်။
လက်ထပ်ယူခဲ့ပြီး ၂လအကြာတွင်တော့ ကောင်မလေးမှ ကွာရှင်းပြတ်ဆဲရန်ပြောဆိုလာခဲ့ပြီး ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတယ်ဟု သိရပါတယ်။သူဋ္ဌေးကြီးကတော့ လူအများ၏ဝေဖန်မှုကြားမှ ငွေလမ်းခမ်းကာ လက်ထပ်ယူခဲ့ပြီး ယခုအချိန်မှာတော့ စိတ်ထိခိုက်နေခဲ့ရပြီဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
Rpသန်း၇၀၀လောက် အကုန်အကျခံပြီး အသက်၁၉နှစ်အရွယ်ကောင်မလေးကို လက်ထပ်ယူခဲ့သော်လည်း ၂လအကြာမှာဘဲ ကွာရှင်းခွင့်တောင်းခံခဲ့ရသည့် ၆၅နှစ်အရွယ်သူဋ္ဌေးကြီး
Shoon (Cele Daily)