မင်္ဂလာဆောင်မည့်နေ့မှ သတိုးသားက ထွက်ပြေးသွားခဲ့လို့ မင်္ဂလာပွဲကို တစ်ယောက်တည်းဧည့်ခံကာ မျက်ရည်များဖြင့် ကျင်းပခဲ့ရသော သတိုးသမီးလေး

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံမှ မင်္ဂလာပွဲတစ်ခုတွင် ဝမ်းနည်းမျက်ရည်များဖြင့် နှုတ်ဆက်နေရသော သတိုးသမီးလေး၏ခံစားချက်ကို သိရှိသွားခဲ့ပါက အလွန်ဂရုဏာသက်သနားမိမှာဖြစ်ပါတယ်။မင်္ဂလာပွဲလေးသည် မိန်းကလေးများအတွက် ဘဝတွင် တစ်ကြိမ်သာကျင်းပခွင့်ရသည့် အခမ်းနားဆုံးသော ပွဲလေးတစ်ခုဖြစ်ပါတယ်။

မင်္ဂလာပွဲလေးကို ခမ်းနားပျော်ရွင်စွာဖြင့် ကျင်းပလိုကြတာဟာ ကောင်မလေးတိုင်း၏ ရည်ရွယ်ချက်ဖြစ်ပါတယ်။ယခုတွင်တော့ မင်္ဂလာပွဲနေ့ရောက်မှ သတိုးသားဖြစ်သူက မင်္ဂလာမဆောင်ချင်လို့ သတိုးသမီးကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတော့တယ်။

ထိုအခါ မင်္ဂလာပွဲသို့လာရောက်သည့် ဧည့်သည်များကို သတိုးသမီးတစ်ဦးတည်းကသာ ဧည့်ခံပေးနေရပါတယ်။တစ်ယောက်တည်းကျင်းပနေရသည့်အတွက် သတိုးသမီးအနေဖြင့် အလွန်အရှက်ရကာ ဝမ်းနည်းပူနွေးငိုကြွေးနေခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment