အသက်၉၇နှစ်အရွယ်ရောက်မှ မြေးလေးတွေ၏ဆန္ဒအတိုင်း ကေတီဗွီလိုက်ပြီး မကြီးမငယ်နဲ့ ကဲနေခဲရရှာသည့် အဖွားအို၏အဖြစ်

သက်ကြီးရွယ်အိုဖိုးဖိုးဖွားဖွားတို့သည် ယနေ့ခေတ်၏ ပြောင်းလဲလာပုံတွေကို သဘောကျသူအနေဖြင့် မရှိသလောက်ရှားပါးကြပါတယ်။အသက်အရွယ်ကြောင့် အေးချမ်းစွာဖြင့် နေအိမ်တွင်သာ နေထိုင်ပြီး မည်သည့်နေရာမှ မသွားလိုကြတော့ပေ။

သို့သော်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၉၇နှဟ်အရွယ်အထိရှိနေပြီဖြစ်သော အဖွားအိုကတော့ ကာရာအိုကေခန်းထဲသို့ ရောက်သွားခဲ့ရပါတယ်။အဖွားကိုယ်တိုင်က သွားချင်တာကြောင့်မဟုတ်ဘဲ မြေးလေးတွေ၏ ဆန္ဒအလျှောက် လိုက်လျောပေးကာ ကာရာအိုကေခန်းထဲသို့ရောက်ရှိခဲ့ရတာဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် သီချင်းဆိုရတာကို လုံးဝစိတ်မဝင်စားတာသေချာသော်လည်း သားသမီးနှင့်မြေးလေးတွေ စိတ်ချမ်းသာစေဖို့ လိုက်လာပေးခဲ့ပါတယ်။အဖွားအို၏ စိတ်ထဲတွင်တော့ မည်မျှပင် စိတ်ညစ်နေရမလဲဆိုတာမသိရပေမယ့် မိသားစု၏ နွေးထွေးကြင်နာမှုဟာ အလွန်လေးစားဖွယ်ကောင်းလှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment