အလုပ်သွားလိုက်သည့် ချွေးမလေးက အလုပ်လုပ်ရင်း သောက်နိုင်ရန်အတွက် ကော်ဖီအေးကို ကိုယ်တိုင်ဖျော်ပြီး ကုမ္ပဏီထဲထိ လိုက်ပို့ပေးခဲ့သည့် ယောက္ခမ

မကြာသေးမီက တရုတ်နိုင်ငံ Henanပြည်နယ် Zhengzhouမြို့တွင် မြင်တွေ့ခဲ့ရသော ယောက္ခမနှင့်ချွေးမတို့ကြားရှိ စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းလေးဖြစ်ပါတယ်။လူအများ၏ပြောကြားချက်အရ ချွေးမဖြစ်သူဟာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ပြီး တစ်ခါတစ်ရံတွင် ညအချိန်ပိုဆင်းရသည့်အခါမျိုးတွေလည်း ရှိနေခဲ့ပါတယ်။

ထို့ကြောင့် ချွေးမလေးက အလုပ်တွင်မည်မျှပင်ပန်းနေရသည့်ကို ယောက္ခမဖြစ်သူတို့က သဘောပေါက်နေခဲ့ပါတယ်။တစ်နေ့တွင်တော့ မနက်အလုပ်သွားသည့်အချိန်တွင် ပုံမှန်ယူသွားနေကြ ကော်ဖီဗူးလေးကို မေ့ကျန်နေခဲ့သောအခါ ယောက္ခမဖြစ်သူက ကုမ္ပဏီထိကို အပြေးလေးလာပြီး ချွေးမဖြစ်သူအတွက် လာပို့ပေးခဲ့တာဖြစ်ပါတယ်။

ကောင်မလေးတိုင်းသည် ယခုချွေးမလေးတစ်ဦး၏ ယောက္ခမမျိုးကို သဘောကျလိုချင်နေမိမှာသေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment