သူငယ်ချင်းတွေက တားမြစ်နေသည့်ကြားမှ လိုင်းပေါ်မှတွေ့ရှိခဲ့သည့် ဝဝတုတ်တုတ်ကောင်မလေးကို အပြင်မှာသွားတွေ့ခဲ့ပြီး ယုံကြည်သော ချစ်ခြင်းတရားဖြင့် လက်ထပ်ယူခဲ့သည့် လူငယ်လေး

အွန်လိုင်းမှတစ်ဆင့်ခင်မင်ရင်းနှီးခြင်းတို့သည် အမှန်တကယ်ယုံကြည်ရန်အတွက်တော့ အနည်းငယ် အခက်တွေ့စေတာသေချာပါတယ်။ယခုတွင်လည်း Le Gia Thienဆိုသည့် အသက်၂၀အရွယ်လူငယ်လေးသည် အွန်လိုင်းမှသိရှိခဲ့သော အသက်၂၂နှစ်အရွယ် Huynh Ngoc Thuy ဆိုသည့်ကောင်မလေးကို စစ်မှန်သော ချစ်ခြင်းတရားဖြင့် ချစ်မိနေခဲ့သည်။

သူငယ်ချင်းများကလည်း အပြင်မှာမတွေ့ဖူးသေးသည့်အတွက် ယုံကြည်ခြင်းမရှိသေးရန် တားမြစ်နေခဲ့ကြရပါတယ်။သို့သော်လူငယ်လေးကတော့ ကောင်မလေး၏နေအိမ်သို့ သွားရောက်ကာ လည်ပတ်ခဲ့ပြီး အမှန်တကယ်ချစ်တာကြောင့် လက်ထပ်ယူရန်ဆုံးဖြတ်ခဲ့တာဟုသိရပါတယ်။

အချစ်စစ်သာမှန်လျှင် ရုပ်ရည်အဆင်းတို့သည် အဓိကမကျဘဲ တစ်နေ့တော့ ပေါင်းဖက်နိုင်မှာ သေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment