ကလေးထိန်းမယ့်လူမရှိလို့ သမီးလေးကို အလုပ်သို့ခေါ်သွားခဲ့ပြီး နားတဲ့အချိန်လေးမှာ သမီးဖြစ်သူကို ပျော်ရွင်အောင် ဂရုစိုက်ပေးနေသည့် ဖခင်တစ်ဦး၏ချစ်ခြင်းမေတ္တာ

သားသမီးတို့ပျော်ရွင်ဖို့အတွက်ဆိုလျှင် မိဘများသည် အရာရာကို စွန့်လွှတ်နိုင်ကြပေသည်။နေပူမိုးရွာထဲတွင် အလုပ်ပင်ပန်းစွာလုပ်နေရချိန်၌ပင် သားသမီးတို့ကို ရင်ထဲတွင် သတိရနေတတ်သည်။တရုတ်နိုင်ငံ၏ လူမှုစာမျက်နှာများပေါ်တွင် ဖခင်တစ်ဦး၏ သမီးလေးကိုဂရုစိုက်နေပုံများဟာ လူတိုင်း၏နှလုံးသားကို ဖမ်းစားနိုင်ခဲ့ကြပါတယ်။

အမျိုးသား၏ဇနီးသည်ကလည်း အလုပ်သွားနေရသည့်အချိန်တွင် ကလေးကို ပြုစုမည့်သူမရှိသောအခါတွင် ဖခင်ဖြစ်သူက တစ်နေကုန်ပစ္စည်းပို့ရသော အလုပ်သို့ သမီးကိုခေါ်ဆောင်သွားခဲ့ပါတယ်။တစ်နေကုန် ပင်ပန်းစွာဖြင့် အလုပ်လုပ်နေရသော်လည်း သမီးလေးမပျင်းရအောင် စနောက်ရင်း အဖော်ပြုပေးနေခဲ့ပါတယ်။

ဘဝဟာခမ်းနားမှုမရှိသော်လည်း သမီးငယ်လေးကို စစ်မှန်သည့်ပျော်ရွင်မှုချစ်ခြင်းမေတ္တာအပြည့်ဖြင့် ချစ်ပေးနိုင်သည့် မိဘများပင်ဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment