ဖခင်ဖြစ်သူသေဆုံးသွားသည့်အပြင် မိခင်ဖြစ်သူကလည်း ဦးနှောက်အကြိတ်ရောဂါကို ခံစားနေရလို့ လူမှန်းမသိတတ်သေးသည့် သားနှစ်ယောက်က မိခင်ကိုပြုစုရင်း ထမင်းလာကျွေးမည့် ဧည့်သည်တွေကို မျှော်လင့်နေရ

လူတိုင်းတွင် အလွန်ခက်ခဲလှသော ဘဝ၏အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျအားငယ်နေရသောအချိန်မျိုးကို ကြုံတွေ့ဖူးရပေလိမ့်မည်။ထိုအချိန်တွင် မိမိ၏အဆင်မပြေမှုတွေဟာ အချို့လူသားများ၏ အဆင်မပြေမှုများနှင့်နှိုင်းယှဥ်လျှင် မြူမှုန်မျှသာ ကျန်ရှိတော့မှာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံ ဟာတင်ပြည်နယ် ဆွန်လမ်ခရိုင် လမ်သိုကျေးရွာတွင် မစ္စဖန်သီယောင်သည် ဦးနှောက်အကြိတ်ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ထိုစဥ်ခင်ပွန်းဖြစ်သူကလည်း သေဆုံးသွားခဲ့သောအခါ သားနှစ်ယောက်အတူ စားစရာမရှိသည့်အခက်အခဲတွေကို ရင်ဆိုင်လာရပါတယ်။

အလုပ်လုပ်နိုင်သူမရှိတော့ဘဲ ၈နှစ်အရွယ် သားလေးနှင့် ၅နှစ်အရွယ်သားတို့၏ ပြုစုမှုကို ခံယူရင်း နေထိုင်နေရပါတယ်။စားဝတ်နေရေးအတွက် ပတ်ဝန်းကျင်၏ကူညီပေးမှုကိုအားကိုးနေကြရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment