ဘယ်သူ့ဆီကမှ ပညာမသင်ဘဲ အွန်းလိုင်းပေါ်မှ ကိုယ်တိုင်လေ့လာခဲ့ပြီး ၃နှစ်အကြာတွင် အောင်မြင်ကျော်ကြားသော ဖက်ရှင်ဒီဇိုင်နာဖြစ်လာခဲ့သည့် ၁၈နှစ်အရွယ်ကောင်မလေး

လူတစ်ယောက်သည် အောင်မြင်တိုးတက်လာစေရန်အတွက် ကိုယ်တိုင်ကြိုးစားအားထုတ်မှု အဓိကကျသောအခြေခံချက်ဖြစ်ပါတယ်။နေ့စဥ်လေ့လာနေသူတစ်ယောက်အတွက် ပညာဆိုသောအရာတွေဟာ အမြဲတမ်းသင်ယူနိုင်နေမှာဖြစ်ပါတယ်။

မလေးရှားနိုင်ငံ Sabahတွင်နေထိုင်သော အသက်၁၈နှစ်အရွယ် Rachel Jael Herryဆိုသည့်ကောင်မလေးဟာ ယူကျု့မှဗီဒီယိုတွေကိုကြည့်ပြီး အဝတ်အစားချုပ်တာတွေကိုလေ့လာခဲ့ပါတယ်။၃နှစ်အကြာလေ့လာပြီးနောက်တွင် ကောင်မလေးဟာ ထူးချွန်သည့်ဖက်ရှင်ပညာရှင်တစ်ဦးဖြစ်လာခဲ့ကာ ကိုယ်ပိုင်ဆိုင်ပင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

လှပသောချုပ်ပုံများကြောင့် ကောင်မလေး၏ ဖက်ရှင်ဒီဇိုင်းတွေဟာ လူကြိုက်များရေပန်းစားလာခဲ့ပြီး အောင်မြင်ကျော်ကြားလာခဲ့တယ်ဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment