သားသမီးတွေကလည်း ဘယ်ရောက်နေမှန်းတောင် မသိရတော့ဘဲ ကျန်းမာရေးမကောင်းသည့်ကြားမှ နေစရာအိမ်မရှိလို့ လှေတစ်စင်းပေါ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည့် အဖိုးနှင့်အဖွား

အသက်ကြီးလာသည့်အခါတွင် အဘိုးအဘွားတွေက သားသမီးမြေးမြစ်တို့မှ ပြုစုစောင့်ရှောက်မှုကိုခံယူရင်း အေးဆေးစွာ အနားယူရမည့်အချိန်ဖြစ်ပါတယ်။သို့သော်လည်း အချို့သောဖိုးဖိုးဖွားဖွားတို့သည် စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ခက်ခဲမှုတွေကို မစွမ်းသည့်အားလေးဖြင့် ရင်ဆိုင်နေရရှာပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အဖိုးအိုနှင့်အဖွားအိုတို့ ဇနီးမောင်နှံနှစ်ဦးသည် နေစရာအိမ်မရှိသည့်အတွက် လှေပေါ်တွင်သွားနေခဲ့ရပါတယ်။သားသမီးတို့နှင့်လည်း အဆက်အသွယ်မရတော့ဘဲ ကျန်းမာရေးမကောင်းသည့်အဖွားနှင့်အတူ အလုပ်မလုပ်နိုင်ဘဲ နေထိုင်ရပါတယ်။

ထို့ကြောင့် စာနာသူအချို့၏ လှုဒါန်းသော ငွေကြေးနှင့် စားစရာအချို့ကိုအားကိုးပြီး အသက်ရှင်နေထိုင်ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment