ဆံပင်ညှပ်ဆရာကို ယုံကြည့်ပြီး မျက်စိအုပ်နေတဲ့ဆံပင်ကြောင့် စိတ်မရှုပ်အောင် ရှေ့ဆံပင်ကိုတိုတိုလေးဖြစ်မည့် ​ဆံပင်ပုံစံမျိုးညှပ်ခိုင်းခဲ့ရာမှ ညှပ်ပေးလိုက်သည့်ပုံစံကြောင့် ငိုရမလိုရယ်ရမလိုဖြစ်နေခဲ့သည့်အမျိုးသား

လူသားတို့၏အလှတရားအတွက် ဆံပင်သည် များစွာစကားပြောသော ဒုတိယမျက်နှာတစ်ခုဖြစ်ပါတယ်။ထို့ကြောင့်လည်း ဥရောပတွင် သုံးရက်တစ်ခါလောက် ဆံပင်ကို အလှပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်တတ်ကြပါတယ်။

မိမိတို့အာရှဒေသမှာတော့ ဆံပင်တိုတိုလေးဖြစ်နေလျှင်ရပြီဆိုသော သဘောဖြင့်သာ ညှပ်နေကြတာကို တွေ့ရပါတယ်။ယခုတွင်လည်း ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးသည် ဆံပင်များက မျက်နှာပေါ်တွင် ဖုံးအုပ်နေသည့်ကို စိတ်ရှုပ်ပြီး သဘောမကျဖြစ်နေခဲ့သည့်အတွက် လွတ်လပ်ပေါ့ပါးသွားစေမည့်ဆံပင်ပုံစံမျိုးသာဖြစ်လျှင်အဆင်ပြေပြီဟုဆိုကာ ဆံပင်ညှပ်ဆရာကို ညှပ်ခိုင်းခဲ့ပါတယ်။

ထိုအခါ ဆံပင်ညှပ်စရာကလည်း ပေါက်ပေါက်ရှာရှာဆံပင်ပုံစံကို ရှေ့နဖူးပေါ်မှာ ပြောင်နေအောင် ညှပ်ချပေးလိုက်ရာမှာတော့ အမျိုးသားက ဘယ်သူ့ကိုအပြစ်ပြောရမှန်းမသိသည့်ပုံစံဖြင့် မပြုံးနိုင်မရယ်နိုင်နှင့် စိတ်ထဲမှာ ဒေါသထွက်နေရှာမှာ သေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment