ဘဝ၏အခက်ခဲဆုံးသော အခြေအနေများကို ကြုံတွေ့လာရမည်ဆိုသော်လည်း ထက်သန်သောစိတ်ဖြင့်သာ ကြိုးစားပါက အောင်မြင်မှုဆီသို့ အရောက်သွားနိုင်မှာဖြစ်ပါတယ်။Radha Krishnanဆိုသည့်အမျိုးသားဟာ အသက်၆နှစ်အရွယ်တွင် ရထားမတော်တဆဖြစ်ခဲ့ပြီး ညာဖက်လက်ကိုဆုံးရှုံးသွားခဲ့ရပါတယ်။
လက်တစ်ဖက်ဆုံးရှုံးနေသူတစ်ယောက်အနေဖြင့် လူ့လောကထဲတွင် ရင်ဘောင်တန်ပြီး လုပ်ကိုင်နိုင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလွန်းလှပါတယ်။သို့သော် အမျိုးသားကတော့ မလေးရှားနိုင်ငံမှ Petaling Jayaမြို့အနှံကို စက်ဘီးလေးဖြင့် ပစ္စည်းပို့သူအနေဖြင့် အလုပ်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။
လက်တစ်ဖက်တည်းဖြင့် စက်ဘီးစီးပြီး ပစ္စည်းပို့နေသည့်အမျိုးသား၏ ကြိုးစားအားထုတ်မှုဟာ လူတိုင်းအတွက် အတုယူစရာဖြစ်နေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
လက်တစ်ဖက်သာရှိသော်လည်း အားငယ်နေခြင်းမရှိဘဲ စက်ဘီးလေးကိုနင်းပြီး ပစ္စည်းပို့ပေးရင်း ရိုးသားစွာလုပ်ကိုင်နေသည့် လေးစားဖွယ်လူငယ်တစ်ဦး
Shoon (Cele Daily)