မိဘတို့၏ အလုပ်အခြေချရာမြို့သို့ ပြောင်းလာရသော်လည်း ရွာကအတူတူဆော့ခဲ့သည့် သူငယ်ချင်းတွေကို လွမ်းလို့ဆိုပြီး ဆယ်မိုင်လောက်ဝေးသည့် မွေးရပ်မြေရွာကို စက်ဘီးစီးပြန်သည့် ၇နှစ်အရွယ်ကလေး

လူသားတို့သည် အလုပ်အဆင်ပြေရာနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရသည့်အတွက် မိတ်ဆွေသူငယ်ချင်းများနှင့် ခွဲခွာရသည့်အချိန်အခါမျိုးကို ကြုံတွေရနိုင်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ Fujianပြည်နယ်တွင် မိဘနှစ်ပါးက မြို့ပေါ်တက်ပြီး ကုန်စုံဆိုင်တစ်ခုကို ဖွင့်ခဲ့သည့်အတွက် ရွာကနေ ပြောင်းသွားခဲ့ရပါတယ်။

ထိုအခါ ခုနှစ်နှစ်အရွယ်သားလေးက ရွာကသူငယ်ချင်းတွေကို လွမ်းကြောင်းအမြဲပြောနေလေ့ရှိခဲ့ပါတယ်။တစ်နေ့တွင် ကလေးငယ်က နေအိမ်မှပျောက်သွားခဲ့ရာ မိဘများက စိတ်ပူပြီး လိုက်ရှာခဲ့ရာ ရွာကိုပြန်နေသည့်လမ်းပေါ်တွင် တွေ့ခဲ့ကတာဖြစ်ပါတယ်။

ကလေးဟာ စက်ဘီးလေးဖြင့် ဆယ်မိုင်လောက်ဝေးသည့်ခရီးကို တစ်ယောက်တည်းရွာပြန်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment