လူသားတို့သည် နေ့စဥ်ဘဝရှင်သန်ရေးအတွက် အလုပ်တစ်ခုခုတော့ လုပ်ကိုလုပ်ကြရမှာဖြစ်ပါတယ်။အလုပ်လုပ်သည့်နေရာတွင် အချို့သည် တာဝန်ကျေအောင် ကြိုးစားလုပ်ကိုင်ကြပြီး အချို့သည်လည်း အရှောင်ခိုကာ မပင်ပန်းစေရန် ကြိုးစားတတ်ကြပါတယ်။
ယခုအခါမှာတော့ အမျိုးသားတစ်ဦးသည် ပစ္စည်းပို့သူအနေဖြင့် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။မည်မျှပင်ပန်းနေသည်တော့ မသိရပေမယ့် အမျိုးသားဟာ ကားလေးဘေးတွင် ဆိုင်ကယ်ကို ထိုးရပ်ထားပြီး အိပ်နေခဲ့တာဖြစ်ပါတယ်။
ဖောက်သည်များက ပစ္စည်းမရောက်သေးသဖြင့် ဖုန်းများဆက်နေကြသော်လည်း အမျိုးသားက အိပ်နေခဲ့သေးတာဖြစ်ပါတယ်။အမျိုးသမီးတစ်ဦးက ကိုယ်တိုင်သွားနှိုးခဲ့သောအခါတွင်လည်း တော်တော်နှင့်ခေါ်မရအောင် အိပ်နေခဲ့သေးတာဟု သိရပါတယ်။
Shoon (Cele Daily)
Zawgyi
ပစ္စည်းပို့သူအနေဖြင့်အလုပ်လုပ်ရင်း လမ်းဘေးတွင်ထိုးရပ်ကာ ဆိုင်ကယ်ပေါ်မှာအိပ်နေလို့ သွားနှိုးခဲ့ရာ ဘယ်လိုမှမနိုးသည့် အလွန်အလုပ်ကြိုးစားသောအမျိုးသား
Shoon (Cele Daily)