ပိုက်ဆံအရမ်းပေါနေလို့ ရွှေနှင့်တန်ဖိုးကြီးပစ္စည်းတွေကို ရေထဲလွှင့်ပြခဲ့ရာမှ နာမည်ကြီးလာသည့်အမျိုးသမီးက သူ၏ငါးယောက်မြောက်ခင်ပွန်းအသစ်လေးအတွက် iphone14ကို ဝယ်ပေးလိုက်ကြောင်း ထပ်ကြွားလာခဲ့

ယနေ့ဆိုရှယ်မီဒီယာခေတ်ကြီးထဲတွင် သုံးစွဲသူများကို စွဲဆောင်နိုင်ရန်အတွက် ဖန်တီးပြခြင်းဟာလည်း နာမည်ကြီးကျော်ကြားလာနိုင်သည့် အချက်တစ်ခုဖြစ်ပါတယ်။ထိုင်းနိုင်ငံမှ Khun Waenဆိုသည့်အမျိုးသမီးဟာလည်း တန်ဖိုးကြီး ရွှေထည်အစစ်တွေနှင့် အခြားပစ္စည်းတွေကို ရေထဲသို့ လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီး၏ ထူးဆန်းလှသော လုပ်ရက်ကြောင့်လည်း အွန်လိုင်းပေါ်တွင် အတော်လေးနာမည်ရကာ ကျော်ကြားလာခဲ့ပါတယ်။သူမဟာအမှန်တကယ် ချမ်းသားကြွယ်ဝသူလားဆိုတာ သေချာမသိရပေမယ့် အခုအခါမှာလည်း သူမ၏ငါးယောက်မြောက်သော အသစ်စက်စက်ခင်ပွန်းဖြစ်သူအတွက် iphone14ကြီးကို လက်ဆောင်ဝယ်ပေးခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်လည်း သူမ၏ ဖုန်းဝယ်ပေးသည့်အကြောင်းဟာလည်း လူတိုင်း၏အာရုံကိုထပ်မံဖမ်းစားသွားခဲ့ပြန်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment