ဆိုက်ကားလေးနင်းပြီး ပိုက်ဆံရှာရင်းကျောင်းတက်ခဲ့ရာမှ ကျောင်းမပြီးခင်မှာဘဲ သုံးဘီဆိုင်ကယ်ကို ဝယ်ယူနိုင်ခဲ့သည့် ချီးကျူးဖွယ် ကျောင်းသားလေး

ဘဝ၏မအောင်မြင်မှုများကြောင့်သာ အလျော့ပေးနေရမည်ဆိုလျှင် အဆင်ပြေခြင်းဆိုသောနေရာသို့ ပြန်လည်ရောက်ရှိလာရန်မှာ ဘယ်တော့မှဖြစ်လာတော့မည်မဟုတ်ပေ။ဘဝ၏ပင်ပန်းဆင်းရဲမှုများကြောင့် အားငယ်နေပါကသောသူများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံမှ Geromeဆိုသည့် ကျောင်းသားလေး၏ ကြိုးစားပုံကို အတုယူသင့်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှ လူငယ်လေးဟာ ငွေကြေးအဆင်မပြေမှုတွေကြောင့် ကျောင်းဆက်တက်ရန်ပင် မဖြစ်နိုင်သောကြောင့် သုံးဘီးစက်ဘီးလေးဖြင့် ကယ်ရီးဆွဲရင်း ကျောင်းတက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ကယ်ရီဆွဲ၍ရရှိလာသော ငွေကြေးလေးတွေကို သေချာစုဆောင်းရင်း ကျောင်းတက်ခဲ့ရာမှ စတုတ္ထနှစ်တက်သည့်အချိန်တွင် သုံးဘီးဆိုင်ကယ်ကိုပင် ဝယ်ယူနိုင်ခဲ့သည့်အချိန်ထိ အဆင်ပြေလာခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment