မိုင် ၁၈၆ လောက်အဝေးမှာ ကျောင်းသွားတက်နေရသည့် သမီးလေးက ဗိုက်ဆာသည်ဆိုသောကြောင့် ညတွင်းချင်းကားမောင်းသွားကာ သမီးကြိုက်တာလေးတွေကို ဝယ်ကျွေးခဲ့သည့် ဖခင်၏ချစ်ခြင်းမေတ္တာ

သားသမီးတို့သည် မိခင်တို့ကသာ ချစ်ကြပြီး ဖခင်တို့က မချစ်တတ်ကြဘူးဟု ထင်နေခဲ့ရကြပါတယ်။အမှန်တကယ်မှာတော့ သားသမီးတို့အပေါ်တွင် ခဖင်တို့ထက်ပိုချစ်တတ်သောသူဟူ၍ ကမ္ဘာပေါ်တွင် မရှိနိုင်တော့ပေ။

ယခုတွင်လည်း မြို့နှင့်မိုင် ၁၈၆ လောက်အထိဝေးသောနေရာတွင် အဆောင်နေရသော သမီးလေးကို လွမ်းနေရသည်။အဆောင်နေရသည့်အချိန်တွင် အစားအသောက်တွေကို စားချင်တိုင်းမစားရဘဲ စည်းကမ်းတကျစားသောက်ရပါတယ်။

တစ်နေ့သမီးနှင့်ဖုန်းပြောရသည့်အချိန်တွင် သမီးလေးက ဗိုက်ဆာနေသည်ကိုသတိထားမိခဲ့သောအခါ ဖခင်ဖြစ်သူက ညတွင်းချင်းပင် ကားမောင်းပြီး သမီးဆီသို့သွားခဲ့ပါတယ်။ထို့နောက် သမီးလေးကြိုက်နှစ်သက်သည့် အစားအစာတွေကို ဝယ်သွားပေးခဲ့ပြီး အဆောင်ခြံပြင်မှနေကာ ကျွေးမွေးခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment