အမူးလွန်ပြီး ဖုန်းကိုအမြည်းထင်ကာ မြိုချလိုက်သည့် အသက်၃၃နှစ်အရွယ်အမျိုးသား ဆေးရုံသို့အရေးပေါ်တင်ကာ ခွဲစိတ်ခဲ့ရပြီး ကံကောင်းလို့ အသက်ရှင်ခွင့်ရခဲ့သူ

ရည်ရွယ်ချက်ရှိရှိစားသုံးခြင်းမဟုတ်သော်လည်း အချို့သော ပစ္စည်းအသေးအမွှားလေးကိုတော့ လူတိုင်းစားမိတတ်ကြပါတယ်။သို့ပေမယ့်လည်း အချို့အရာဝတ္ထုများဟာ လူ့အသက်ကိုစိုးရိမ်ရသည့်အတွက် ဆေးရုံသို့အရေးပေါ်တက်ရောက်ကာ ကုသမှုခံယူရပါတယ်။

ယခုအခါမှာလည်း ကိုဆိုဗိုနိုင်ငံမှ အသက်၃၃နှစ်အရွယ်အမျိုးသားဟာ အမူးလွန်ပြီး ကီးပတ်ဖုန်းလေးကို မြိုချမိခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်လည်း ဆေးရုံသို့အမြန်ပြေးခဲ့ရသည့်အချိန်တွင် ဆရာဝန်များကလည်း ဖုန်းကိုတောင်မြိုချနိုင်သောကြောင့် အလွန်ထိတ်လန့်သွားခဲ့ရပါတယ်။

ထို့နောက် အချိန်၂နာရီကြာခွဲစိတ်မှုပြုလုပ်ပြီးနောက်မှာတော့ ကံကောင်းစွာဖြင့် အောင်မြင်စွာ ဖုန်းကိုပြန်လည်ထုတ်ယူနိုင်ခဲ့တယ်ဟု သိရှိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment