အောက်ပိုင်းသေပြီးလမ်းမလျှောက်နိုင်သည့် ချစ်သူကောင်မလေးကို ဝှီးချဲလ်ပေါ်တင်ပြီး စက်ဘီးလေးဖြင့်ဆွဲကာ နေရာအနှံလိုက်ပို့ပေးခဲ့သည့် ချစ်သူကောင်လေး

တရုတ်နိုင်ငံ Liuzhouမြို့တွင်နေထိုင်သော Ding Yizhouနှင့် Lai Minတို့၏အချစ်ဇာတ်လမ်းလေးသည် အလွန်ကြည်နူးဝမ်းနည်းဖွယ်ရာကောင်းလှပါတယ်။သူတို့နှစ်ဦးဟာ ငယ်စဥ်ကတည်းက အတူတူကြီးပြီးလာကြသည့် သူငယ်ချင်းများအဖြစ်မှ ချစ်သူတွေဖြစ်လာခဲ့ပါတယ်။

ကောင်လေးဟာ အခြားမြို့မှ ဆံပင်ညှပ်ဆိုင်တွင် အလုပ်သွားလုပ်ခဲ့ပြီး ကောင်မလေးကတော့ အင်္ဂလိပ်ဆရာမအနေဖြင့် အလုပ်လုပ်ကိုင်နေခဲ့ပါတယ်။တစ်နေ့တွင် ကောင်မလေးက ဦးနှောက်အာရုံကြောဆိုင်ရာချို့ယွင်းမှုကြောင့် လမ်းမလျှောက်နိုင်ဘဲ အောက်ပိုင်းသေသွားခဲ့ရပါတယ်။

ထိုအခါကောင်လေးက ဆံပင်ညှပ်ဆိုင်မှအလုပ်ထွက်ပြီး ချစ်သူရှိရာဆီသို့ ပြန်လာကာ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ထို့နောက်ပျော်ရွင်စရာတွေဖန်တီးနေးနိုင်ရန် ကောင်မလေးကို ဝှီးချဲလ်ပေါ်တင်ခေါ်ပြီး စက်ဘီးအဟောင်းလေးဖြင့်ဆွဲကာ နေရာအနှံကို အလည်အပတ်ခရီးထွက်ရန် လိုက်ပို့ပေးခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment