ကိုယ်တိုင်က စာမဖတ်တတ်ပေမယ့် သားဖြစ်သူရရှိလာခဲ့သော ဘွဲ့လက်မှတ်ကိုကြည့်ရင်း ဝမ်းသားကာငိုကြွေးနေခဲ့သည့် ဖခင်တစ်ယောက်၏ပျော်ရွင်မှု

မိဘတိုင်းကတော့ မိမိတို့မွေးဖွားထားသည့် သားသမီးလေးတွေကို နေရာတိုင်းတွင် ထူးချွန်ထက်မြက်စေချင်ကြသည်။ပညာသင်ကြားခြင်းမရှိခဲ့ရသော မိဘများဆိုလျှင် ဘဝအတွက် ပညာဟာ ဘယ်လောက်အရေးကြီးလဲဆိုတာကို သိရှိနေခဲ့ကြသည်။

ထို့ကြောင့်လည်း မွေးဖွားလာသည့် သားသမီးလေးတွေကို ပညာတတ်ဖြစ်ရမည်ဆိုသော မျှော်လင့်ချက်တစ်ခုတည်းဖြင့်သာ ပြုစုစောင့်ရှောင့်ခဲ့ကြသည်။ယခုတွင်လည်း ဖခင်သည် ပညာမတတ်သော်လည်း ကြုံရာအလုပ်ကိုလုပ်ကိုင်ပြီး သားဖြစ်သူကို ဘွဲ့ရအောင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

သားလေးဘွဲ့ယူလာသည့်အချိန်မှာ ကြားရုံသာကြားဖူးသည့် ဘွဲ့လက်မှတ်လေးကို ယူကြည့်ပြီး သားဖြစ်သူအတွက် ဝမ်းသာဂုဏ်ယူစွာဖြင့် ငိုနေမိခဲ့တော့တာဖြစ်ပါတယ်။သားဖြစ်သူကလည်း ဘွဲ့လက်မှတ်မှာ ရေးသားထားသည့် အကြောင်းတွေကို ဖခင်အားဖတ်ပြခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment