ဂုဏ်ပကာသနတွေမပါဝင်ပေမယ့် လှေကားပေါ်မှာထွန်းထားတဲ့ ဖယောင်းတိုင်လေးနဲ့ မွေးနေ့ပွဲလေးကို ကျင်းပပေးခဲ့သည့် မိခင်ကြောင့် ကမ္ဘာပေါ်ကအခမ်းနားဆုံးပွဲလေးကို ကျင်းပခွင့်ရခဲ့သည့် သမီးငယ်

သားသမီးတို့အတွက် မိဘတို့ဆိုသည်မှာ ကမ္ဘာတစ်ခုလိုအရေးကြီးလှပါတယ်။မိဘတို့၏မေတ္တာကို အပြည့်အဝရရှိသော သားသမီးတို့သည် ပျော်ရွှင်ခြင်းများဖြင့် ဘဝတစ်ခုကို ဖြတ်သန်းနိုင်ကြပါတယ်။ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ မိဘတို့၏ မေတ္တာဖြင့်ကျွေးသော ရေတစ်ခွက်သည်လည်း ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံးဖြစ်နေမှာသေချာပါတယ်။

ယခုတွင်လည်း မိခင်တစ်ဦးသည် အပိုသုံးစွဲ့ရန်ငွေကြေးမရှိသည့်အချိန်တွင် သမီးလေးအတွက် လှေကားအုတ်ခုံပေါ်တွင် ဖယောင်းတိုင်လေးထွန်းပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။မိဘအနေဖြင့် သမီးလေးကိုခမ်းနားလှသော ပွဲကြီးကိုကျင်းပပေးချင်မှာသေချာသော်လည်း တတ်နိုင်သော မေတ္တာဖြင့်သာ ပြုလုပ်ပေးနိုင်ခဲ့သည်။

သမီးလေးအတွက်ကတော့ ကမ္ဘာပေါ်မှာ အခမ်းနားဆုံးသော မွေးနေ့ပွဲလေးအဖြစ် ဘဝမှာ အမှတ်ရစွာ ဂုဏ်ယူနေမှာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment