မွေးကတည်းကလက်တစ်ဖက်မပါခဲ့သော်လည်း ဝေယျာဝစ္စတွေကို ကိုယ်တိုင်လုပ်ကိုင်ပြီး လောကကြီးကိုအနိုင်ယူဖို့အတွက်ကြိုးစားသင်ယူနေသည့်၎နှစ်အရွယ်သားငယ်လေး




Shoon (Cele Daily)

Unicode

မွေးကတည်းကလက်တစ်ဖက်မပါခဲ့သော်လည်း ဝေယျာဝစ္စတွေကို ကိုယ်တိုင်လုပ်ကိုင်ပြီး လောကကြီးကိုအနိုင်ယူဖို့အတွက်ကြိုးစားသင်ယူနေသည့်၄နှစ်အရွယ်သားငယ်လေး

ကလေးငယ်တို့သည်အသက်အရွယ်အားဖြင့်ငယ်ရွယ်နေသေးသည့်အတွက်လောကကြီး၏ကြမ်းတမ်းပုံတွေကို နားလည်သဘောမပေါက်ကြသေးပေ။ထို့ကြောင့်ကလေးတို့အတွက်သိမ်ငယ်စိတ်၊အားငယ်စိတ်များမရှိစေရန်မိဘနှင့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းတို့ကအားပေးနှစ်သိမ့်ကြရမှာဖြစ်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံHenanပြည်နယ်မှ Sensenဆိုသည့်လေးနှစ်အရွယ်သားငယ်လေးဟာ မွေးဖွားစဥ်ကတည်းကလက်တစ်ဖက်ကမပါလာခဲ့ပေ။သို့သော်လည်းကလေးဟာ ကြိုးစားအားထုတ်မှုနှင့်အကောင်းမြင်စိတ်တို့ဖြင့်အခက်အခဲတွေကိုကျော်လွှားနိုင်ပြီဆိုရပေမည်။

သားငယ်လေးဟာ အင်္ကျီကြယ်သီးတွေကိုကိုယ်တိုင်တပ်သည့်အပြင် အခြားကိစ္စအဝဝကိုပင် ကိုယ်တိုင်လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ကလေးငယ်သည်ခန္ဓာကိုယ်ချို့ယွင်းနေခဲ့သော်လည်း မလျော့သောစိတ်ဖြင့်လောကကြီးကိုအနိုင်ယူဖို့ခွန်အားရှိနေပြီဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment