



Shoon (Cele Daily)

Unicode

အသက်၅နှစ်အရွယ်တွင်ဓာတ်လိုက်ပြီး လက်နှစ်ဖက်နှင့်ခြေထောက်တစ်ဖက်ကိုဆုံးရှုံးခဲ့ရသော်လည်း မလျော့သောဇွဲ စိတ်ဓာတ်ဖြင့်ဘဝကိုအရှုံးမပေးခဲ့လို့အောင်မြင်တဲ့မော်ဒယ်မလေးဖြစ်လာခဲ့သူ

လူတစ်ဦးတစ်ယောက်တွင်စိတ်ခံစားမှုသည်အလွန်အရေးကြီးပေသည်။မည်မျှပင်ခက်ခဲမှုတွေကိုကြုံတွေ့နေရပါစေ အရှုံးမပေးသောစိတ်ဓာတ်ဖြင့်ကြိုးစားနေပါက အောင်မြင်မှုဆီသို့ပြန်ရောက်နိုင်မှာအသေအချာပင်ဖြစ်ပါတယ်။

အီကွေဒေါနိုင်ငံ Guayaquilမြို့မှအသက်၂၆နှစ်အရွယ်Victortia Salcedoဆိုသည့်ကောင်မလေးဟာ လက်နှစ်ဖက်အပြင်ခြေတစ်ဖက်ပါမရှိသော်လည်း အောင်မြင်သောမော်ဒယ်မလေးတစ်ဦးဖြစ်လာခဲ့ပါတယ်။

ကောင်မလေးဟာအသက်၅နှစ်က ဆော့ကစားရင်းသတ္တုချောင်းမှတစ်ဆင့်ဗို့အားပြင်းဓာတ်အားလိုင်းဖြင့်ထိမိပြီး ပြင်းထန်စွာခံစားခဲ့ရပါတယ်။ထို့ကြောင့်ခြေလက်အင်္ဂါများစွာကိုဆုံးရှုံးခဲ့ရသော်လည်း ကောင်မလေးဟာအားငယ်စိတ်မရှိဘဲ ရဲဝံ့သောစိတ်ဓာတ်ဖြင့်အောင်မြင်မှုဆီသို့လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment