



Shoon (Cele Daily)

Unicode

အသက်၂၀ ပိုငယ်သည့်ချစ်သူကောင်မလေး၏မိဘများတွင်ရှိနေသော အကြွေးသန်း၃၀ကိုဆပ်ပေးပြီး မင်္ဂလာဆောင်လက်ထပ်ယူခဲ့သည့်အသက်၄၁နှစ်အရွယ်အမျိုးသား

အသက်အရွယ်ကွာခြားနေသောစုံတွဲများကို များသောအားဖြင့်ကောင်မလေး၏မိဘများကကန့်ကွက်ကြပါတယ်။သို့သော်လည်းအချစ်တစ်ခုတွင်အသက်အရွယ်ကအရေးမပါဘဲ နှလုံးသား၏လက်ခံနိုင်မှုကသာအဓိကကျတာဖြစ်ပါတယ်။

ယခုတွင်လည်း အသက်၁၉နှစ်အရွယ်သာရှိသေးသည့်ကောင်မလေးဟာလိုင်းပေါ်ကနေတစ်ဆင့်ကိုရီးယားနိုင်ငံကအသက်၄၁နှစ်အရွယ်အမျိုးသားနှင့်ချစ်ကြိုက်ခဲ့ပါတယ်။ထို့နောက်ချစ်သူဖြစ်ပြီး၂လ အကြာတွင် အမျိုးသားကကောင်မလေးဆီသို့လာလည်ရင်းနဲ့ကောင်မလေး၏မိဘများတွင်ရှိနေသောအကြွေးသန်း၃၀ကိုသိသွားပြီးဆပ်ပေးခဲ့ပါတယ်။

ထို့နောက်မှာတော့ကောင်မလေးကိုအမှန်တကယ်ချစ်ကြောင်းကတိပေးကာ မိဘတို့ဆီမှခွင့်ပြုချက်တောင်းပြီးလက်ထပ်ယူခဲ့တာဖြစ်ပါတယ်။လက်ထပ်ပွဲကျင်းပပြီးချိန်မှာတော့ကောင်မလေးကို ကိုရီးယားနိုင်ငံသို့ခေါ်သွားခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment