



Shoon (Cele Daily)

Unicode

အသက်အရွယ်ကြီးရင့်ပြီးမျက်စိတွေမွဲလာပြီဖြစ်သောကြောင့် မျက်စိမမြင်ရ၍ တစ်ရှူးလေးတွေဝယ်ယူအားပေးဖို့ဆိုင်းဘုတ်ထောင်တောင်းဆိုသည့်အဖိုးအို လူလိမ်ဟုစွဲစွဲခံနေရ

ယခုဖြစ်ပျက်ခဲ့သောအကြောင်းအရာလေးကို မည်သူကိုမှအပြစ်မပြောလိုဘဲနားလည်မှုလွဲမှားသွားခြင်းဟုသာသတ်မှတ်ချင်ပါတယ်။အကြောင်းကတော့ တရုတ်နိုင်ငံမှအသက်၇၂နှစ်အရွယ်အဖိုးအိုတစ်ဦးဟာ မျက်စိမမြင်ဘဲစီးပွားရှာနေရသဖြင့် သူရောင်းချသည့်ပစ္စည်းတွေကို ဝယ်ယူအားပေးဖို့အတွက် ဆိုင်းဘုတ်လေးမှာရေးပြီး တောင်းဆိုထားတာဖြစ်ပါတယ်။

တစ်ရက်တွင်အဖိုးအိုက စက္ကူလိပ် တွေကိုရောင်းချရင်းသတင်းစာထိုင်ဖတ်နေတာကိုလူငယ်တစ်ဦးကသတိထားမိခဲ့ပါတယ်။ထိုအခါလူငယ်လေးက မျက်မမြင်ဟုပြောပြီးသတင်းစားဖတ်နေသဖြင့်လိမ်ညာနေသည်ဟုပြောဆိုခဲ့တာဖြစ်ပါတယ်။

ထိုချိန်တွင်အဖိုးအိုက အသက်အရွယ်အရအနည်းငယ်သာမြင်တွေ့ရခြင်းဖြစ်ပြီးလုံးဝမမြင်ရခြင်းမဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment