



Shoon (Cele Daily)

Unicode

အသက်၁၉နှစ်အရွယ်ကစပြီးဆံပင်ညှပ်ခေါင်းလျှော်ခြင်းမရှိတော့ဘဲ ဆံပင်အရှည်ထားခဲ့ရာမှ အသက်၈၅နှစ်အရွယ်တွင်ဆံပင်ကပေ၂၀ ကျော်အထိရှိပြီးကမ္ဘာ့အရှည်ဆုံးမှတ်တမ်းဝင်ခဲ့သည့်အဖွားအို

ရှည်လျားပြီးချောမွေ့လှပလွန်းသည့်ဆံကေသာလေးတွေကို ပိုင်ဆိုင်ချင်ကြတာဟာ အမျိုးသမီးတိုင်း၏ဆန္ဒတစ်ခုဖြစ်ပါတယ်။သို့သော်လည်းဆံပင်အရှည်ထားပြီးထိန်းသိမ်းရန်မှာအလွန်ပင်ခက်ခဲလွန်းလှတာဖြစ်ပါတယ်။

ယခုအခါမှာတော့အမျိုးသမီးတစ်ဦးဟာ ၆၆နှစ်ကြာအောင်ဆံပင်အရှည်ထားခဲ့တယ်ဟုဆိုခဲ့လျှင် ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။ဗီယက်နမ်နိုင်ငံBen Treပြည်နယ် Giong Tromတွင်နေထိုင်သော ငုယင်သီဒင်ဆိုသည့်အသက်၈၀အရွယ်အဖွားအိုဟာ၏ဆံပင်အရှည်ဟာပေ၂၀ကျော်အထိရှည်ပြီးကမ္ဘာ့အရှည်ဆုံးဆံပင်ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။

အဖွားအိုဟာအသက်၁၉နှစ်အရွယ်မှစကာ သူမ၏ဆံပင်တွေကိုလုံးဝမညှပ်တော့သည့်အပြင် ခေါင်းလျှော်ခြင်းမရှိဘဲသဘာဝအတိုင်းအရှည်ထားခဲ့တာဟုသိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment