



Shoon (Cele Daily)

Unicode

အသက်၈၄နှစ်အရွယ်အဖိုးက မိတ်ကပ်သင်တန်းကိုသွားတက်ခဲ့ပြီး သေချာသင်ယူပြီးနောက် မျက်မမြင်ဇနီးသည်လေးကိုအလှပြင်ပေးခဲ့သည့်ကြည်နူးဖွယ်ရာအဖြစ်အပျက်လေး

အချစ်တစ်ခုတွင်ရင်ထဲကချစ်နေရုံဖြင့် မရနိုင်ပေ။မိမိ၏ချစ်ရသူကိုဂရုစိုက်အလေးထားပြီး ပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။စစ်မှန်တဲ့အချစ်တစ်ခုဟာ ဒဏ္ဍာရီပုံပြင်ထဲကအချစ်ဇာတ်လမ်းတွေထက်ပိုပြီးကြည်နူးဖွယ်ရာကောင်းလှပါတယ်။

ယခုတွင်လည်းMr.Desဆိုသည်အသက်၈၄နှစ်အရွယ်အဖိုးဟာ မိတ်ကပ်အလှပြင်သင်တန်းကိုတက်ရောက်သင်ကြားနေခဲ့သဖြင့်လူတိုင်းကအံ့နေကြသည်။ထို့နောက်အဖိုးအိုဟာမိတ်ကပ်အလှပြင်တာကိုသေချာစွာသင်ယူပြီးသောအခါ မျက်စိမမြင်ရတော့သည့်ဇနီးသည်လေးကို ကိုယ်တိုင်မိတ်ကပ်လိမ်းပေးပြီးလှပစေခဲ့တာဖြစ်ပါတယ်။

အဖိုးဟာဇနီးသည်လေးကိုနေ့စဥ်တိုင်းလှပစေဖို့အတွက်မိတ်ကပ်လေးတွေလိမ်းပေးပြီးအချစ်ပိုနေခဲ့တာဖြစ်ပါတယ်။ထိုအချိန်မှအခြားလူများဟာအဖိုးအို၏မိတ်ကပ်ပြင်သင်ရသည့်အကြောင်းကိုသိရှိသွားပြီးလေးစားအားကျနေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment