



Shoon (Cele Daily)

Unicode

ပေ၃၀ လောက်မြင့်သည့်ဓာတ်တိုင်ထိပ်သို့ တက်တုန်းကတက်ပြီး ပြန်မဆင်းတတ်တော့မှ မျက်ရည်လေးဝိုင်းပြီးဒူးများတုန်ကာ တညောင်ညောင်အော်၍အကူအညီတောင်းနေသည့်ကြောင်ကလေး

ကြောင်လေးများဟာ အမြင့်နေရာတွေကိုအလွန်တက်ဆော့ကစားတတ်တာဖြစ်ပါတယ်။သို့သော်လည်းအမြင့်ပေါ်တက်ပြီးပြန်မဆင်းတတ်တော့သည့်ကြောင်ကလေးကိုတော့မတွေ့သေးပေ။ယခုတွင်တော့အင်္ဂလန်နိုင်ငံကကောလိပ်တစ်ခုအနီးရှိပေသုံးဆယ်လောက်အမြင့်ရှိသည့်တိုင်ထိပ်ပေါ်သို့ တက်ဆော့ခဲ့ပုံရပါတယ်။

ထို့နောက်တွင်ကြောင်ကလေးက တိုင်ထိပ်မှပြန်မဆင်းတတ်တော့သဖြင့် တညောင်ညောင်နှင့်အော်ဟစ်ပြီးကူညီမည့်သူကိုမျှော်လင့်နေရှာပါတယ်။ထိုအခါကယ်ဆယ်ရေးအဖွဲ့ကတွေ့ရှိသွားခဲ့ပြီး ကယ်ဆယ်ပေးလိုက်ရချိန်တွင် ကြောင်ကလေးဟာ အတော်လေးကြောက်လန့်နေတာကိုတွေ့လိုက်ရပြီး မျက်ရည်များဝဲကာ ခြေလက်တွေတုန်ရီနေတယ်လို့ဆိုကြပါတယ်။

ကြောင်ကလေးကတော့သူကိုကယ်ဆယ်ပေးလိုက်သည့်လူကိုကျေးဇူးတင်နေမှာသေချာပါတယ်။

Shoon (Cele Daily)

  • Leave a Comment