



Shoon (Cele Daily)

Unicode

လွှင့်ပစ်ရမည့်ပန်းစီးအစား ကောင်မလေးအရမ်းကြိုက်သည့်ကြက်ကြော်ကိုပန်းစီးပုံစံပြုလုပ်ပြီးချစ်သူကောင်မလေးကိုလက်ထပ်ခွင့်တောင်းခဲ့သည့်ကောင်လေး

ချစ်သူစုံတွဲတိုင်းတွင် ကောင်လေးတို့ဟာကောင်မလေးကိုလက်ထပ်ခွင့်တောင်းပြီး ဘဝတစ်ခုကိုတည်ဆောက်ရန်စတင်တော့မည့်အချိန်တွင် ကောင်မလေးကိုလက်ဆောင်ပစ္စည်းလေးများဖြင့်ခွင့်တောင်းတတ်ပါတယ်။

စုံတွဲတော်တော်များများဟာ ပန်းစီးလေးကိုသာအချစ်သင်္ကေတအနေဖြင့်လက်ဆောင်ပေးပြီးလက်ထပ်လက်စွပ်လေးဖြင့်လက်ထပ်ခွင့်တောင်းတတ်ကြသည်။ယခုအခါမှာတော့စင်္ကာပူနိုင်ငံမှအသက်၂၇အရွယ် Darren Chua ဆိုသည့်ကောင်လေးဟာသူ၏ချစ်သူKoh Han Yanဆိုသည့်ကောင်မလေးကိုလက်ထပ်ခွင့်တောင်းရာပန်းစီးကိုအသုံးမပြုခဲ့ပါဘူး။

ကောင်လေးဟာ ပန်းစီးကတစ်ခါတည်းလွှင့်ပစ်လိုက်ရမှာမလို့ ချစ်သူကောင်မလေးကြိုက်သည့်ကြက်ကြော်ကို ပန်းစီးပုံလုပ်ပြီးလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment