Shoon (Cele Daily)
Unicode
တစ်ယောက်တည်းအထီးကျန်ပြီးအိုမင်းနေပြီဖြစ်သည့်အတွက် ဘိုးဘွာရိပ်သာသို့သွားရောက်နေထိုင်ခဲ့ရာမှ အသက်၇၄နှစ်အရွယ်အဖိုးအိုနှင့်ချစ်ကြိုက်ပြီးလက်ထပ်ယူခဲ့သည့် ၉၇နှစ်အရွယ်အဖွား
ပထမဦးဆုံးအနေဖြင့်စာဖတ်သူတို့မှာရည်းစားရှိနေပြီလားလို့မေးလိုက်ချင်ပါတယ်။အကယ်၍ရည်းစားမရှိခဲ့လျှင်လည်းစိတ်ပူနေခြင်းမရှိဘဲ အချိန်တန်လျှင်မိမိ၏ဖူးစားရှင်ကအနားကိုရောက်လာမှာသေချာပါတယ်။
ယခုတွင်လည်းအသက်၉၇နှစ်အရွယ်ကိုရောက်နေပြီဖြစ်သည့်အဖွားအိုဟာ အိုမင်းနေသော်လည်းပြုစုမည့်သူမရှိသည့်အပြင်တစ်ယောက်တည်းအထီးကျန်နေလို့ ဘိုးဘွာရိပ်သာတွင်ရွ့ပြောင်းနေထိုင်ခဲ့တာဖြစ်ပါတယ်။
ထိုအခါမှအဖွားအိုကိုအနားကနေပြီးဂရုစိုက်ပြီး အချစ်တွေမေတ္တာတွေနဲ့စောင့်ရှောက်ပေးမည့် ချစ်သူလေးနှင့်ဆုံတွေ့ခဲ့ရပါတော့တယ်။အဖွားအိုနှင့်ဖူးစာဆုံခဲ့သူဟာအသက်အားဖြင့်၇၄နှစ်ရှိနေပြီဖြစ်ပြီးအဖွားအိုထက်၂၃နှစ်ငယ်သော်လည်း တရားဝင်လက်ထပ်ယူခဲ့ပြီဖြစ်ပါတယ်။
Shoon (Cele Daily)