Shoon (Cele Daily)
Unicode
မိဘတွေဆုံးပါးသွားခဲ့ပြီးနေစရာမရှိတော့လို့ သစ်ပင်ပေါ်မှာ တဲလေးဆောက်ပြီး၈နှစ်ကြာနေထိုင်ခဲ့သည့် အသက်၂၈နှစ်အရွယ်လူငယ်လေး
လူ့ဘဝသည်အနိမ့်အမြင့်အတက်ကျများစွာဖြင့်ရုန်းကန်လှုပ်ရှားနေရသည်ကိုမြင်တွေ့ရသည်မှာအလွန်ပင်တရားရစရာကောင်းလှပါတယ်။ယခုတွင်လည်းပါကစ္စတန်နိုင်ငံမှFarman Aliဆိုသည့်လူငယ်လေးသည်အသက်၂၀အရွယ်တွင်မိဘတွေဆုံးပါးသွားခဲ့သောအခါ ခိုကိုးစရာမရှိတော့ဘဲဖြစ်လာခဲ့ပါတယ်။
ထို့ကြောင့်လူငယ်လေးဟာအသက်၂၀အရွယ်မှစတင်ပြီးနေစရာနေရာတစ်ခုရရှိဖို့အတွက် သစ်ပင်တစ်ပင်ပေါ်တွင် တဲလေးကိုတည်ဆောင်ကာနေထိုင်ခဲ့တာဖြစ်ပါတယ်။လူငယ်လေးဟာသစ်ပေါ်၌ပင်၈နှစ်ကြာအောင်နေခဲ့ပြီးဘဝကိုကြိုးစားရုန်းကန်ရင်းနေထိုင်ခဲ့တာဖြစ်ပါတယ်။
ယခုဆိုလျှင်လူငယ်လေးသစ်ပေါ်ပေါ်တွင်နေထိုင်လာခဲ့သည်မှာ၈နှစ်ကျော်ကြာမြင့်လာခဲ့ပြီဟုသိရှိရတာဖြစ်ပါတယ်။ဘဝအတွက်အခက်ခဲဆုံးအချိန်၌ပင် အလွယ်တကူအရှုံးမပေးဘဲကြိုးစားနေသည့်လူငယ်လေးဟာလေးစားဖွယ်ကောင်းလှပါတယ်။
Shoon (Cele Daily)