



Shoon (Cele Daily)

Unicode

သူငယ်ချင်းများနှင့် ညစာအတူတူစားနေရင်း အိမ်သာခဏသွားလိုက်ရာ အကုန်ပြန်သွားကြလို့ တစ်ယောက်တည်းကျန်ခဲ့ပြီး ပိုက်ဆံမရှင်းချင်ဖြစ်နေသော ကောင်မလေးကြောင့် ရဲခေါ်ခဲ့ရ

သူငယ်ချင်းများနှင့်အတူ ညစာစားပြီး ညနေခင်းအချိန်လေးကို ဖြတ်သန်းရသည့်အချိန်လေးမှာ အလွန်ပင်အဓိပ္ပါယ်ရှိသော အချိန်လေးပင်ဖြစ်ပါတယ်။သို့သော်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မစ္စတာLiဆိုသည့် အမျိုးသမီးအတွက်တော့ သူငယ်ချင်းများနှင့်အတူစားခဲ့သည့် ညစာကြောင့် အတော်လေးစိတ်မကောင်းဖြစ်သွားနိုင်ပါတယ်။

အမျိုးသမီးဟာ သူငယ်ချင်းများနှင့်ညစာအတူစားနေရင်းမှ အိမ်သာခဏသွားရောက်ခဲ့ပြီး ပြန်ရောက်လာသောအခါ သူငယ်ချင်းအကုန်လုံးဟာ မရှိတော့ပါဘူး။ထို့ကြောင့် ဆိုင်ရှင်ကလည်း သူမအား ပိုက်ဆံရှင်းခိုင်းရာမှ အမျိုးသမီးဟာ သူမတွင် ယွမ်၂၀၀သာပါရှိပြီး စားသောက်သည့်တန်ဖိုးမှ ယွမ်၅၀၀အထိရှိနေကြောင်း ဆိုခဲ့တယ်ဟုသိရပါတယ်။

ထို့နောက် ဆိုင်ရှင်ဟာ ရဲကိုအကူအညီတောင်းခံခဲ့ရပြီး အမျိုးသမီးဟာ ရဲစခန်းအထိ လိုက်ရှင်းခဲ့ရတယ်လို့ သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment