



Shoon (Cele Daily)

Unicode

အသည်းကွဲပြီးနောက်တွင် အမှတ်မရှိဘဲ ထပ်ချစ်မိမှာစိုးရိမ်လို့ အချစ်ဟာမကောင်းကြောင်း သတိပေးစာကို နဖူးပေါ်တွင် တတ်တူးအဖြစ်ရေးထိုးခဲ့သည့် ကောင်လေး

မြတ်မြတ်နိုးနိုး တန်ဖိုးထားစွာဖြင့် ချစ်ခဲ့ရသော လူအများစုတို့သည် အသဲကွဲပြီးသွားသည့်အချိန်တွင် အချစ်ကို အနည်းငယ်ကြောက်လန့်သွားတက်ကြပေသည်။သို့သော်လည်း အမြဲတမ်းချစ်နေပြီး အမြဲတမ်းအသဲကွဲနေရသော လူများဟာလည်း အနည်းငယ်ရှိနေတတ်ပါတယ်။

ယခုတွင်လည်း ကောင်လေးတစ်ဦးဟာ သူအလွန်ချစ်ခဲ့ရသော ကောင်မလေးတစ်ဦးနှင့် လမ်းခွဲပြတ်စဲသွားခဲ့ရပါတယ်။ထို့ကြောင့်ကောင်လေးဟာ အလွန်နာကြင်ခံစားခဲ့ရပြီး နောက်တစ်ယောက်ကို ထပ်ချစ်မိကာ နောက်ထပ်နာကြင်ရမည်ကို ကြောက်ရွံ့နေခဲ့သည်။

အချစ်၏နာကြင်မှုတွေ မကောင်းမှုတွေကို အမြဲသတိရနေစေရန်အတွက် ကောင်လေးဟာ သူ၏နဖူးပေါ်တွင် တက်တူးလေးထိုးပြီး ရေးမှတ်ထားတာဖြစ်ပါတယ်။ကောင်လေးရေးထိုးထားတာကတော့ ‘အချစ်ဟာ နာကြင်မှု နာကြည်းမှုတွေကိုသာ ပေးတယ်’ဟု ရေးထိုးခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment