



Shoon (Cele Daily)

Unicode

လက်ထောက်ညွှန်ကြားရေးမှုးရာထူးကိုပင် နုတ်ထွက်ပြီး စီးပွားရေးလုပ်ငန်းများကို စွန့်စားလုပ်ကိုင်ခဲ့ရာမှ သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့သည့် အတုယူဖွယ်အမျိုးသား

လူတစ်ယောက်ဟာ ကျေနပ်နိုင်ခြင်းမရှိဘဲ အောင်မြင်မှုများကို ဆာလောင်ကာ ကြိုးစားလုပ်ကိုင်ပါက အောင်မြင်မှုပန်းတိုင်ဆီသို့ သေချာပေါက်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ Nguyen Quoc Cuongဆိုသည့်အမျိုးသားဟာ လက်ထောက်အထွေထွေညွှန်ကြားရေးမှုရာထူးရှိသူတစ်ဦးဖြစ်ပါတယ်။

သို့သော်လည်းအမျိုးသားဟာ ရာထူးကြီးကြီးမားမားရရှိထားသည်ကိုပင် ကျေနပ်နိုင်ခြင်းမရှိဘဲ ဘဝပိုမိုတိုးတက်စေရန်အတွက် ရာထူးမှထွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

အမျိုးသားဟာ အိမ်ခြေမြေရောင်းဝယ်ရေးလုပ်ငန်းဖြင့်စတင်ခဲ့ပြီးနောက်တွင် အောင်မြင်လာခဲ့ပြီး နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နိုင်ခဲ့ပါတယ်။စွန့်စားလုပ်ဆောင်မှုတွေကြောင့် အသက်၂၉နှစ်အရွယ်၌ပင် သန်းကြွယ်သူဋ္ဌေးတစ်ဦးဖြစ်လာခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment