Shoon (Cele Daily)
Unicode
စာသင်နေစဥ်ဗိုက်ဆာလို့ဆိုပြီး ကျောင်းသူလေးက လိုင်းပေါ်မှအစားအသောက်မှာယူခဲ့ရာ အစားအသောက်ပို့သူကောင်လေးကလည်း ကောင်မလေးစာသင်နေသည့်အခန်း၏ခုံနားအထိလာပို့ပေးခဲ့ရ
ကျောင်းတတ်နေသူလူတိုင်းတို့ဟာ အခြေခံ ပညာရေးစနစ်နှင့်တက္ကသိုလ်ကောလိပ်တို့၏ အနည်းငယ်ကွာခြားပုံကိုသတိထားမိကြမှာဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းများတွင်စည်းကမ်းပိုင်းဆိုင်ရာအချို့ကိုနားလည်ခွင့်လွတ်ပေးထားကြပါတယ်။
ယခုတွင်လည်းတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ စာသင်ခန်းထဲ၌စာသင်နေစဥ်အချိန်တွင် ဗိုက်ဆာလို့ဆိုပြီးလိုင်းပေါ်ကနေစားစရာတွေမှာယူခဲ့ပါတယ်။ထို့နောက်တွင်တော့ အစားအသောက်ပို့ဆောင်သည့်foodpandaကောင်လေးကလည်း ကောင်မလေးစာသင်နေသည့်အခန်းထဲထိရောက်လာခဲ့ပြီး စာသင်ကြားနေသည့်ဆရာကို ကောင်မလေး၏နေရာအားမေးမြန်းပြီး ကောင်မလေးထိုင်နေသည့်ထိုင်ခုံနားအထိကိုလာပို့ပေးခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့်ပင် စာသင်ခန်းတစ်ခုလုံးကအစားအသောက်လာပို့သည့်ကောင်လေးကိုသဘောကျနေခဲ့ကြပါတယ်။
Shoon (Cele Daily)