



Shoon (Cele Daily)

Unicode

လမ်းမပေါ်တွင် သွားလာနေသည့် ကားများထံမှ ပိုက်ဆံများကို လိုက်လံတောင်းစားနေရသော်လည်း ဓားပြတိုက်သလို လိုက်တောင်းနေသည့် ကလေးလေး

ကမ္ဘာကြီးပေါ်တွင် လူပေါင်းများစွာဟာ အဆင့်အတန်းမျိုးစုံဖြင့် နေထိုင်နေရပြီး အလုပ်မျိုးစုံကို လုပ်ကိုင်ပြီး ရှင်သန်နိုင်ဖို့ ကြိုးစားနေရတာလည်းဖြစ်ပါတယ်။အချို့များသည် အရွယ်မရောက်သေးသော ကလေးဘဝပင်ရှိနေသေးသော်လည်း အားကိုးအားထားပြုစရာမရှိဘဲ လိုက်လံတောင်းစားနေရသူဘဝအဖြစ်လည်း ရှင်သန်နေရသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိခဲ့ရပါတယ်။

ယခုတွင်လည်း မလေးရှားနိုင်ငံ၏ အဝေးပြေးလမ်းမကြီးပေါ်တွင် ကလေးငယ်လေးတွေဟာ ကားမောင်းသူတို့စွန့်ကျဲမည့်ပိုက်ဆံလေးတွေကို မျှော်လင့်နေကြရသည်။ကလေးငယ်တွေဟာ ကားမောင်းသူတို့ထံမှ ပိုက်ဆံတောင်းရာတွင်လည်း ချိုသာစွာ ပြောဆိုနေခြင်းမျိုးမဟုတ်ဘဲ ဒေါသထွက်နေသည့်ပုံစံဖြင့် ပိုက်ဆံပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ကလေးငယ်များကို အရွယ်မရောက်ခင် သွန်သင်ဆုံးမပေးမည့်သူမရှိဖြစ်နေရတာကို ဝမ်းနည်းစွာ တွေ့မြင်နေရပါတယ်။

Shoon (Cele Daily)

  • Leave a Comment