



Shoon (Cele Daily)

Unicode

ကြံကြံဖန်ဖန်ပင် ဟော်တယ်၏သန့်စင်ခန်းထဲမှရေဆေးစင်ထဲတွင်ခေါက်ဆွဲပြုတ်စားခဲ့သည့် တော်တော်ဗရုတ်သုတ်ခကျသည့်လူငယ်တစ်ဦး

လူငယ်သဘာဝဆိုသည်မှာ ဘဝတစ်ခုလုံး၏လွမ်းမောဖွယ်ရာအဖြစ်အပျက်လေးတွေကို ဖန်တီးစရာအကောင်းဆုံးသောအချိန်အခါမျိုးပင်ဖြစ်ပါတယ်။သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူ သွားရောက်လည်ပင်ရင်းခရီးထွက်ရသောအမှတ်တရသည် သူငယ်ချင်းများနှင့်ဝေးကွာသွားခဲ့လျှင်အမြဲတမ်းတသတိရနေတတ်သည်။

ယခုတွင်လည်း လူငယ်လေးတစ်စုကခရီးအတူတူထွက်ရင်းဟော်တယ်တစ်ခု၌တည်းခိုးပြီး တလွဲလုပ်ပုံတွေဟာလူတိုင်းကိုရယ်မောဖွယ်ရာဖြစ်ခဲ့ရပါတယ်။လူငယ်တစ်ဦးဟာ ဗိုက်ဆာတယ်ဟုဆိုပြီး အိမ်သာထဲကလက်ဆေးစင်ထဲတွင် ရေချိုးစရာရေပူဖြင့်ခေါ်ဆွဲပြုတ်စားနေခဲ့တာဖြစ်ပါတယ်။

ထိုသို့ပြုလုပ်နေပုံကိုအခြားသူငယ်ချင်းတစ်ဦးကလိုင်းပေါ်တင်ခဲ့ရာမှ လူအများကသဘောကျနေခဲ့ပြီး အချို့ကလည်း သန့်စင်ခန်း၏ညစ်ပတ်မှုကြောင့်မလုပ်သင့်ဘူးဟုဆိုနေကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment