Shoon (Cele Daily)
Unicode
မိုင်ပေါင်း၁၁၀၀လောက်ဝေးသည့်မြို့ဆီသို့ ပြောင်းသွားခဲ့သည့် သခင်ဖြစ်သူ၏နောက်ကို ၃နှစ်ကြာအောင်ခရီးဆန့်ပြီး လိုက်သွားခဲ့သည့်ခွေးကလေး
အိမ်မွေးတိရစ္ဆာန်လေးတွေဟာ အသိညဏ်ပိုင်းတွင် လူသားကဲ့သို့မဖွံ့ဖြိုးသေးသော်လည်း သစ္စာရှိမှုမှာတော့ လူသားများကပင် လေးစားနေရတာဖြစ်ပါတယ်။အမေရိကန် တက္ကဆက်ပြည်နယ်မှ Katrinaနှင့် Mark Skelton တို့လင်မယားနှစ်ဦးဟာ ခွေးကလေးတစ်ကောင်ကို မွေးထားခဲ့ပါတယ်။
ထို့နောက် မိုင်ပေါင်း၁၁၀၀လောက်ဝေးသည့် မြို့ဆီသို့ အခြေချနေထိုင်ရန် ပြောင်းရွေ့သောနေ့၌ ခွေးကလေးဟာ အလည်လွန်ပြီး ပျောက်နေခဲ့သဖြင့် ထားခဲ့ရတာဖြစ်ပါတယ်။ထိုသို့ပြောင်းရွှေ့ပြီး ၃နှစ်အကြာတွင် ခွေးကလေးဟာ သူတို့၏နေထိုင်ရာမြို့လေးက အိမ်လေးသို့ ပြန်လည်ရောက်ရှိလာခဲ့တာကို ထူးဆန်းစွာတွေ့ရှိခဲ့ရပါတော့တယ်။
ခွေးကလေး၏ သခင်အပေါ်တွင် သစ္စာတရားနှင့်အတူ သံယောဇဥ်ကြီးမားပြီး လိုက်လာရန်မဖြစ်နိုင်သော ခရီးကို လိုက်လာခဲ့ပုံဟာ အံ့အားသင့်ဖို့ ကောင်းလှပါတယ်။
Shoon (Cele Daily)