



Shoon (Cele Daily)

Unicode

အသားညှပ်ပေါင်မုန့် စားနေစဥ်မှာ လျှာကိုပျားအတုပ်ခံလိုက်ရလို့ ပါးစပ်ပင်ပိတ်မရတော့ဘဲ ဒုက္ခရောက်နေရသည့် ကမ္ဘာ့ကံအဆိုးဆုံးလူငယ်လေး

လူသားတို့အသက်ရှင်နေထိုင်နိုင်ရန်အတွက် အစားအစာများဟာ မရှိမဖြစ်လိုအပ်သော အသက်သွေးကြောများလည်းဖြစ်ပါတယ်။အစားအသောက်များဟာ အလွန်အရသာရှိနေမည်ဆိုပါက အာဂပါးစပ် လူဖြစ်ကျိုးနပ်လေငဲ့ဟု ပြောစမှတ်တွင်သည့် စကားလေးကို ရေရွတ်မိမှာသေချာပါတယ်။

ယခုတွင်တော့ အမေရိကန်နိုင်ငံမှ Kobe freemanဆိုသည့် အသက်၂၀အရွယ် တက္ကသိုလ်ကျောင်းသားလေးဟာ အသားညှပ်ပေါင်မုန့်လေးကို စားခဲ့တာဖြစ်ပါတယ်။ပေါင်မုန့်ကို ကိုက်လိုက်ချိန်မှာဘဲ လျှာတွင်နာကြင်မှုကို ခံစားလိုက်ရခြင်းဖြစ်ပါတယ်။ထို့ကြောင့် မှန်ထဲသို့သွားကြည့်လိုက်ချိန်မှာတော့ သူ၏လျှာတစ်ခုလုံးဟာ ရောင်ရမ်းနေခဲ့ပြီး ပါးစပ်ပိတ်ဖို့ ခက်ခဲနေခဲ့ပြီဖြစ်ပါတယ်။

ပျားတစ်ကောင်ကြောင့် ခံစားလိုက်ရပုံကြောင့် လူငယ်လေးဟာ အတော်လေးကို စိတ်ပျက်နေမှာသေချာပါတယ်။

Shoon (Cele Daily)

  • Leave a Comment