



Shoon (Cele Daily)

Unicode

မှာထားတာတွေအတွက် ပိုက်ဆံရှင်းရာတွင် ပိုက်ဆံကို ကြမ်းပြင်ပေါ်သို့ပစ်ပေးပြီး စားပွဲထိုးကိုကောက်ခိုင်းခဲ့သည့်ကောင်လေးကို ဆိုင်ရှင်က မောင်းထုတ်ခဲ့

စားသောက်ဆိုင်တိုင်းသည် စားသုံသူများကို အဆင်ပြေစိတ်ချမ်းသာစေရန်အတွက် အစစအရာရာကို လိုလေသေးမရှိအောင် ပြင်ဆင်ဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။ယခုတွင်တော့ တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုတွင် လာရောက်စားသောက်သည့် လူငယ်တစ်ဦးဟာ ဆိုင်ကအဆင်ပြေစွာဆက်ဆံသည့်ကို ရိုင်းပြစွာ တုံ့ပြန်ခဲ့ပါတယ်။

ကောင်လေးဟာ သူမှာထားသည့်စားစရာကို လာချပေးသည့်နှင့် ပိုက်ဆံကို ကြမ်းပြင်ပေါ်သို့ ပစ်ချခဲ့ပြီး ပိုက်ဆံရှင်းတာဖြစ်ကြောင်းပြောပြီး စားပွဲထိုးကို ကောက်ခိုင်းခဲ့ပါတယ်။စားပွဲထိုးကလည်း စားသုံးသူအဆင်ပြေစေရန် ကောက်ပေးဖို့လုပ်နေချိန်တွင် ဆိုင်ရှင်ကမြင်သွားခဲ့ပြီး ပိုက်ဆံကို မကောက်ဖို့ တားမြစ်ခဲ့ပါတယ်။

ထို့အပြင် ကောင်လေးကိုလည်း စားပွဲထိုးအားပြန်လည်တောင်းပန်ဖို့ အမိန်ပေးခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment