



Shoon (Cele Daily)

Unicode

ပင်လယ်စာဘူဖေးဆိုင်တွင် အဝစားသည့်အပြင် ပင်လယ်စာတွေကို အိတ်အပြည့်ထည့်ပြီး အိမ်သို့ခိုးယူဖို့ကြိုးစားခဲ့သည့် အဖိုးအိုနှစ်ဦး

ဘူဖေးအဝစားဆိုင်တွေဟာ ယနေ့ခေတ်တွင် လူကြိုက်များလာပြီး ဆိုင်တွေများစွာလည်းဖွင့်လှစ်ရောင်းချလာကြပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ်မှ King Kaewပင်လယ်စာဘူဖေးစားသောက်ဆိုင်တွင်တော့ အဖြစ်အပျက်လေးတစ်ခုဖြစ်သွားခဲ့ပါတယ်။

ထိုပင်လယ်စာဆိုင်သို့ အဖိုးအိုနှစ်ဦးဟာ လာရောက်စားသောက်ခဲ့ကြတာဖြစ်ပါတယ်။အဖိုးအိုနှစ်ဦးဟာ အဝစားသောက်ပြီးသွားချိန်တွင် ချက်ချင်းမပြန်ဘဲ ပုဇွန်တွေ ဂဏာန်းတွေနှင့်ပင်လယ်စာမျိုးစုံကို ပါလာတဲ့အိတ်ကြီးတွေနဲ့ထည့်ပြီး အိမ်သို့ခိုးယူသွားဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

ထိုအချိန်မှာဘဲ ဆိုင်ရှင်က အဖိုးနှစ်ဦး၏အပြုအမူကို သတိထားမိခဲ့ပြီး စစ်ဆေးကြည့်ရာမှ တွေ့သွားခဲ့တာဖြစ်ပါတယ်။ဆိုင်ရှင်ဟာ အဖိုးအိုနှစ်ဦးကို သဘောထားကြီးစွာဖြင့် နားလည်ပေးခဲ့ပြီး နောက်တစ်ခါမလုပ်ဖို့သာ သတိပေးခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment