ကုမၸဏီ၏ သန္႔ရွင္းသန္႔သပ္ရပ္မႈကို လူအမ်ားကသိရွိေစရန္အတြက္ ဝန္ထမ္းကို အိမ္သာခြက္ထဲမွေရအား ေသာက္ခိုင္းၿပီးသက္ေသျပခဲ့ေသာေၾကာင့္ ေဝဖန္ခံေနရ

မၾကာေသးမီအခ်ိန္က တ႐ုတ္ႏိုင္ငံမွ ဗီဒီယိုတစ္ခုဟာ လိုင္းေပၚတြင္ပ်ံႏွံလာခဲ့ၿပီး ျမင္ေတြ႕သူတိုင္းဟာ တုန္လႈပ္သြားခဲ့ရပါေတာ့တယ္။ထိုဗီဒီယိုေလးဟာ တ႐ုတ္ႏိုင္ငံ Shandongျပည္နယ္ Zhong Chengဓာတ္ေျမၾသဇာကုမၸဏီမွျဖစ္ပါတယ္။

ကုမၸဏီ၏သန္႔ရွင္းေရးဝန္ထမ္းျဖစ္သူအမ်ိဳးသမီးဟာ သူတို႔၏ ကုမၸဏီတြင္ရွိေသာ သန္႔စင္ခန္းမ်ား၏ သန္႔ရွင္းမႈကို လူအမ်ားက သိရွိေစရန္အတြက္ ႐ိုက္ကူးလုပ္ျပထားခဲ့တာျဖစ္ပါတယ္။အမ်ိဳးသမီးဟာ အိမ္သာေႂကြခြက္ထဲမွ ေရေတြကို ေသာက္ျပၿပီး အိမ္သာ၏သန္႔ရွင္းသန္႔ရပ္မႈကို သက္ေသျပခဲ့ရျခင္းလည္းျဖစ္ပါတယ္။

ျမင္ေတြ႕သူအမ်ားစုကေတာ့ ကုမၸဏီ၏လုပ္ရက္ကို ျပင္းထန္စြာျဖင့္ ေဝဖန္ျပစ္တင္ေနခဲ့ၾကပါတယ္။ကုမၸဏီမွ ဝန္ထမ္းတစ္ဦးကေတာ့ သူတို႔၏အိမ္သာေရေတြဟာ ေသာက္သုံးဖို႔ စံႏႈန္းမီတယ္လို႔ ေထာက္ခံထားခဲ့ပါတယ္။

Shoon (Cele Daily)

Unicode

ကုမ္ပဏီ၏ သန့်ရှင်းသန့်သပ်ရပ်မှုကို လူအများကသိရှိစေရန်အတွက် ဝန်ထမ်းကို အိမ်သာခွက်ထဲမှရေအား သောက်ခိုင်းပြီးသက်သေပြခဲ့သောကြောင့် ဝေဖန်ခံနေရ

မကြာသေးမီအချိန်က တရုတ်နိုင်ငံမှ ဗီဒီယိုတစ်ခုဟာ လိုင်းပေါ်တွင်ပျံနှံလာခဲ့ပြီး မြင်တွေ့သူတိုင်းဟာ တုန်လှုပ်သွားခဲ့ရပါတော့တယ်။ထိုဗီဒီယိုလေးဟာ တရုတ်နိုင်ငံ Shandongပြည်နယ် Zhong Chengဓာတ်မြေသြဇာကုမ္ပဏီမှဖြစ်ပါတယ်။

ကုမ္ပဏီ၏သန့်ရှင်းရေးဝန်ထမ်းဖြစ်သူအမျိုးသမီးဟာ သူတို့၏ ကုမ္ပဏီတွင်ရှိသော သန့်စင်ခန်းများ၏ သန့်ရှင်းမှုကို လူအများက သိရှိစေရန်အတွက် ရိုက်ကူးလုပ်ပြထားခဲ့တာဖြစ်ပါတယ်။အမျိုးသမီးဟာ အိမ်သာကြွေခွက်ထဲမှ ရေတွေကို သောက်ပြပြီး အိမ်သာ၏သန့်ရှင်းသန့်ရပ်မှုကို သက်သေပြခဲ့ရခြင်းလည်းဖြစ်ပါတယ်။

မြင်တွေ့သူအများစုကတော့ ကုမ္ပဏီ၏လုပ်ရက်ကို ပြင်းထန်စွာဖြင့် ဝေဖန်ပြစ်တင်နေခဲ့ကြပါတယ်။ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကတော့ သူတို့၏အိမ်သာရေတွေဟာ သောက်သုံးဖို့ စံနှုန်းမီတယ်လို့ ထောက်ခံထားခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment