



Shoon (Cele Daily)

Unicode

ယောကျာ်းရသွားပြီး သမီးဖြစ်သူ၏မျက်နှာဟာ တဖြည်းဖြည်းနှင့်ပြောင်းလဲလာခဲ့ပြီး ရုပ်ဆိုးလာခဲ့သောကြောင့် လွန်စွာစိတ်မကောင်းဖြစ်နေရသည့် ဖခင်၏အဖြစ်

အလှတရားလေးဆိုသည်မှာ ဘဝ၏အချိန်ခဏသာဖြစ်ပြီး ချက်ချင်းပျက်စီးသွားမည့် အရာတစ်ခုလည်းဖြစ်ပါတယ်။မိဘတို့အတွက်တော့ သားသမီးလေးတွေဟာ အမြဲလှပနေတာဖြစ်ပြီး သားသမီးတို့ပင်ပန်းမှုဒဏ်ကို ခံစားနေရလျှင် မိဘတို့က နှစ်ဆမက နာကျင်နေရတတ်ပါတယ်။

ယခုတွင်လည်း ဖခင်တစ်ဦးဟာ သမီးဖြစ်သူ၏ ပြောင်းလဲလာမှုတွေကိုကြည့်ကာ စိတ်မကောင်းဖြစ်နေရရှာသည်။သူ၏သမီးလေးဟာ အိမ်ထောင်မပြုခင်က အလွန်ချောမောနေခဲ့သော်လည်း အိမ်ထောင်ကျပြီးသောအခါ ဘဝ၏ပင်ပန်းမှုဒဏ်တွေကြောင့် ပြောင်းလဲလာသည့် မျက်နှာအနေအထားကို သတိပြုမိနေခဲ့သည်။

ထို့ကြောင့်လည်း ဖခင်ဟာ သမီး၏အိမ်ထောင်ကျပြီးနောက် တစ်နှစ်ပြီးတစ်နှစ် မျက်နှာဟာလည်း ပြောင်းလဲလာခဲ့ပုံကို အတော်လေးစိတ်မကောင်း ဝမ်းနည်းနေရှာတာဖြစ်ပါတယ်။မိဘတိုင်းကတော့ သူတို့သားသမီးလေးတွေကို အပူအပင်မရှိဘဲ ဘဝကိုဖြတ်သန်းစေချင်မှာ သေချာပါတယ်။

Shoon (Cele Daily)

  • Leave a Comment