



Shoon (Cele Daily)

Unicode

ရင်ချင်းဆက်အမွှာဖြစ်နေလို့ မိဘနှစ်ပါးက စွန့်ပစ်ခဲ့သော်လည်း ကျေးဇူးရှင်တစ်ဦးကြောင့် ဘဝကိုပျော်ရွင်စွာဖြတ်သန်းကာ ရှင်ခွင့်ရရှိခဲ့သည့် အမွှာညီအကို

တစ်ခါတစ်လေတွင် ကလေးငယ်တို့ဟာ ရင်ချင်းဆက်ပြီး မွေးဖွားလာကြသည့် အမွှာညီအကိုလေးတွေကို ထူးဆန်းစွာ မြင်တွေ့နေရတတ်ပါတယ်။ယခုတွင်လည်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ရင်ချင်းဆက်အမွှာညီအကိုကို မွေးဖွားခဲ့ပါတယ်။

ထိုသို့ထူးဆန်းစွာ မွေးဖွားလာခဲ့သောအခါ မိဘနှစ်ပါးဟာ ဆက်လတ်မွေးထားလိုခြင်းမရှိတော့သဖြင့် စွန့်ပစ်ခဲ့ကြပါတယ်။ထိုအခါ စာနာတတ်သော လူတစ်ဦးက ကောက်ယူမွေးစားခဲ့ပြီး Sohna Singhနှင့် Mohna Singh ဟုအမည်ပေးခဲ့ပါတယ်။

ထို့ကြောင့်လည်း ညီအကိုနှစ်ဦးဟာ မွေးစားမိဘ၏ကျေးဇူးကြောင့် လူ့လောကကြီးထဲတွင် မျက်နှာမငယ်ရဘဲ ရှင်သန်နေထိုင်ခွင့်ရရှိခဲ့ကြပါတယ်။ယခုဆိုလျှင် ညီအကိုနှစ်ဦးဟာ အသက်၁၈နှစ်အရွယ်သို့ပင် ရောက်ရှိလာခဲ့ပြီး ဘဝကို ပျော်ရွင်စွာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။

Shoon (Cele Daily)

  • Leave a Comment