



Shoon (Cele Daily)

Unicode

ညီအကိုအရင်း၆ယောက်လုံးက အိမ်မှသမီး၆ယောက်လုံးကို တစ်ခါတည်းတောင်းရမ်းပြီး လက်ထပ်ယူသွားခဲ့လို့ စကားမပြောနိုင်ဖြစ်နေခဲ့ရသည့် သမီးရှင်ဖခင်၏အဖြစ်

မိဘတို့သည် သူတို့၏ သားသမီးလေးတွေကို မျက်စိအောက်တွင်သာ အမြဲရှိနေစေချင်ကြတာဖြစ်ပါတယ်။သားသမီးတို့ကို အရွယ်ရောက်ပြီဟု ထင်မှတ်နေသော မိဘဟူ၍ လောက၌ ရှိနေလိမ့်မည်မဟုတ်ပေ။

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် Multanမြို့ပေါ်တွင် မောင်နှမ၆ဦးစလုံးဟာ တူညီဝတ်စုံများဖြင့် မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ပို၍ထူးဆန်းနေခဲ့သည်မှာ သတိုးသမီး၆ဦးလုံးဟာ မောင်နှမတွေဖြစ်ကြပြီး သတိုးသား၆ဦးလုံးဟာလည်း ညီအကိုအရင်းတွေဖြစ်နေခဲ့ကြပါတယ်။

ညီအကို၆ယောက်ဟာ ညီအမ၆ဦးလုံးကို တစ်ခါတည်း လာရောက်တောင်းယူလက်ထပ်ခဲ့သည့်အတွက် သတိုးသမီး၏ ဖခင်ကိုယ်တိုင်က မယုံကြည်နိုင်အောင် အံ့သြနေခဲ့ရပြီး စကားအင်မပြောနိုင်ဖြစ်သွားခဲ့ရပါတယ်။ဒီစုံတွဲ၆တွဲ၏ဖူးစားဟာ အတော်လေးဆန်းကျယ်ပြီး အံ့သြဖို့ ကောင်းလှပါတယ်။

Shoon (Cele Daily)

  • Leave a Comment