Shoon (Cele Daily)
Unicode
မိန်းမပိုချစ်အောင်လို့ အိမ်အလုပ်တွေကူလုပ်ရာမှ ခလုတ်တိုက်ပြီး လှေကားပေါ်ကပြုတ်ကျလို့ ခြေထောက်ကျိုးပြီး ဆေးရုံတက်လိုက်ရသည့်ခင်ပွန်း၏အဖြစ်
ယောကျာ်းလေးတို့၏သဘာဝကတော့ အပြစ်တစ်ခုလုပ်ထားခဲ့ပြီဆိုလျှင် မိန်းမစိတ်ဆိုးပြေအောင် အလုပ်တွေကြိုးစားပြတတ်တာဖြစ်ပါတယ်။ယခုအမျိုးသားတစ်ဦးကတော့ မိန်းမဆီကအချစ်တွေပိုရစေဖို့အတွက် အလုပ်ကြိုးစားချင်ယောင်ဆောင်ခဲ့ရာမှ ကံဆိုးသွားခဲ့ပါတယ်။
ဝေးလ်နိုင်ငံတွင်နေထိုင်သော အသက်၂၆နှစ်အရွယ် Nathan Marshဆိုသည့်အမျိုးသားဟာ မိန်းမကို အိမ်အလုပ်တွေကူနိုင်ရန်အတွက် နေအိမ်အပေါ်ထပ်တွင် ဖုန်တွေကို စက်ဖြင့် သန့်ရှင်းရေးလုပ်ပေးခဲ့ပါတယ်။
အလုပ်လုပ်နေရင်းမှ အမျိုးသားဟာ ဖုန်စုပ်စက်၏ကြိုးဖြင့် ခလုတ်တိုက်ပြီး လှေကားပေါ်မှတစ်ဆင့် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ရပါတယ်။ထိုအခါမှ အမျိုးသားဟာ ဆေးရုံတွင် ၄ပတ်ကြာအောင် တက်ရောက်ကုသမှုခံယူခဲ့ရပြီး ကံဆိုးခဲ့ရပါတယ်။
Shoon (Cele Daily)