



Shoon (Cele Daily)

Unicode

သူ၏မင်္ဂလာပွဲတွင် ရည်းစားဟောင်း၇ယောက်လုံးကို ဖိတ်ကြားခဲ့ပြီး စားပွဲဝိုင်းတစ်ခုတည်းတွင် ပျော်ပျော်ပါးပါးစားသောက်နိုင်အောင် စီစဥ်ပေးခဲ့သည့်သတိုးသား

စာဖတ်သူတို့အနေဖြင့်ရော မင်္ဂလာဆောင်ခဲ့ပြီဆိုလျှင် မိမိ၏ရည်းစားဟောင်းဖြစ်သူကို မင်္ဂလာဆောင်သို့လာရောက်ရန် ဖိတ်ကြားမညိဟု စိတ်ကူးထားဖူးပြီလား။ပုံမှန်အားဖြင့်တော့ လူအများစုတို့ဟာ သူတို့၏မင်္ဂလာပွဲတွေမှာ ရည်းစားဟောင်းကို ဖိတ်ကြားတာ နည်းပါးလှသည်ဟု သိရှိရပါတယ်။

တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးကတော့ သူတွဲခဲ့ဖူးသည့် ရည်းစားဟောင်း၇ဦးလုံးကို သူ၏မင်္ဂလာပွဲကို ဖိတ်ကြားခဲ့သေးတာဖြစ်ပါတယ်။ထို့အပြင် သတိုးသားဟာ သူ၏ရည်းဟားဟောင်းတွေကို စားပွဲဝိုင်းတစ်ခုတည်းမှာ အတူတူဝိုင်းထိုင်နိုင်အောင်လည်း သီးသန့် စီစဥ်ပေးခဲ့သေးတာဟုသိရပါတယ်။

ရည်းစားဟောင်း၇ယောက်စလုံးဟာလည်း မင်္ဂလာပွဲကို ပျော်ရွင်စွာဖြင့် တက်ရောက်ခဲ့ကြပြီး သတိုးသားကို ဂုဏ်ပြုပေးခဲ့ကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment