Shoon (Cele Daily)
Unicode
ယောကျာ်းကအလုပ်ဖြင့်ခရီးထွက်ရလျှင် အိမ်တွင်တစ်ယောက်တည်းပျင်းပြီး ကျန်နေခဲ့လို့ အဖော်ရရန်အတွက် သူ၏သူငယ်ချင်းသုံးဦးကိုပါ လက်ထပ်ယူပေးဖို့ ခင်ပွန်းကိုတောင်းဆိုခဲ့သည့် ကောင်မလေး
ယခုအကြောင်းအရာလေးကို ကြားသိလိုက်ရပြီဆိုလျှင် စာဖတ်သူတို့အနေဖြင့် အတော်လေးအံ့သြနေကြမှာသေချာပါတယ်။မလေးရှားနိုင်ငံမှ Mimiဆိုသည့်အမျိုးသမီးဟာ အသက်၂၈နှစ်အရွယ် Mr.Wariနှင့် လက်ထပ်ယူခဲ့တာလည်းဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူဟာ ဆောက်လုပ်ရေးမန်နေဂျာဖြစ်သည့်အတွက် အမြဲတမ်းခရီးထွက်နေရပြီး အိမ်တွင်ရှိတာက ရှားပါနေတာဖြစ်ပါတယ်။ထို့ကြောင့် အမျိုးသမီးဟာ နေအိမ်တွင် အလွန်ပျင်းပြီး ကျန်နေခဲ့ရသဖြင့် သူ၏သူငယ်ချင်းသုံးဦးနှင့် လက်ထက်ယူလိုက်ရန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အမျိုးသားဟာလည်း ဇနီးသည်၏ဆန္ဒကို ငြင်းပယ်ခြင်းမရှိဘဲ နေအိမ်တွင် အဖော်ရစေရန်အတွက် ဇနီးသည်၏ဆန္ဒအတိုင်း သူ၏သူငယ်ချင်း၃လုံးစလုံးကို အမှန်တကယ်လက်ထပ်ယူခဲ့ပါတယ်။
Shoon (Cele Daily)