



Shoon (Cele Daily)

Unicode

ခင်ပွန်းကအခြားအမျိုးသမီးနဲ့ ကားပေါ်အတူရှိနေတာတွေ့လို့ ကားတားခဲ့သော်လည်း အမျိုးသားက ကားမရပ်ပေးလို့ ကားစက်ဖုံးပေါ်ကနေ လိုက်စီးသွားခဲ့သည့် အမျိုးသမီး

ယခုလိုထူးထူးဆန်းဆန်းအဖြစ်မျိုးကို ကြုံတွေ့လိုက်ရတာကတော့ တောင်အာဖရိကနိုင်ငံ တော်ရာယာလမ်း Mamelodi Pretoriaမြို့မှာဖြစ်ပါတယ်။အများ၏ပြောကြားချက်အရတော့ အမျိုးသမီးဟာ ခင်ပွန်းသည်ကို တွေ့ရှိလိုက်ချိန် ကားထဲမှာ အခြားအမျိုးသမီးတစ်ဦးနှင့် မြင်လိုက်ရတာဖြစ်ပါတယ်။

ထိုအခါ ထုံစံအတိုင်းအမျိုးသမီးက သွားရောက်ဖြေရှင်းခဲ့တာဟုသိရပါတယ်။ထိုအခါအမျိုးသားက အရှင်းမခံဘဲ ကားမှန်တင်ပြီး မောင်းထွက်သွားခြင်းဖြစ်ပါတယ်။အမျိုးသမီးကလည်း ကားမောင်းထွက်သွားတာကို လက်မခံဘဲ ကားပေါ်အတင်းတွယ်တက်ပြီး ကားစက်ဖုံးပေါ်ကနေလိုက်ပါလာခဲ့ခြင်းဖြစ်ပါတယ်။

အမျိုးသားကလည်း ကားကိုရပ်ပေးခြင်းမရှိဘဲ ဆက်မောင်းနေခဲ့သောကြောင့် လမ်းမပေါ်တွင် ထူးထူးဆန်းဆန်း မြင်တွေ့ခဲ့ရပါတော့တယ်။

Shoon (Cele Daily)

  • Leave a Comment