



Shoon (Cele Daily)

Unicode

မင်္ဂလာဆောင်ဖို့ပြင်ဆင်ပြီးမှ သတိုးသားက ခွင့်မရခဲ့လို့ သတိုးသား၏ညီမနှင့် မင်္ဂလာပွဲကို ဆက်ပြီးကျင်းပခဲ့သည့် ကောင်မလေး

မင်္ဂလာပွဲဆိုသည်မှာ ချစ်သူစုံတွဲနှစ်ဦးတို့အတွက် ဘဝ၏အရေးကြီးဆုံးသော အမှတ်တရလေးတွေကို စတင်ခဲ့သည့် အချိန်အခါလေးဖြစ်ပါတယ်။ထို့ကြောင့်လည်း မင်္ဂလာပွဲလေးကို လူတိုင်းက ခမ်းနားစွာဖြင့် ကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင် Liang Pingဆိုသည့်ကောင်မလေးနှင့် Fan Liqunဆိုသည့်ကောင်လေးတို့ဟာ လက်ထပ်ပွဲကျင်းပဖို့ စီစဥ်ခဲ့ကြတာဖြစ်ပါတယ်။သို့သော်လည်း မင်္ဂလာဆောင်မည့်နေ့မှ သတိုးသားဟာ စစ်မှုထမ်းနေသူဖြစ်သည့်အတွက် နိုင်ငံတော်က တာဝန်ပေးလာသောအခါ ချက်ချင်းပြန်သွားခဲ့ရတာဖြစ်ပါတယ်။

ထို့ကြောင့် မိသားစုများကလည်း ဝမ်းနည်းနေခဲ့ကြရပြီး မင်္ဂလာပွဲလေးအတွက်ငို ပြင်ဆင်ပြီးသာဖြစ်နေခဲ့သောကြောင့် သတိုးသား၏ညီမဖြစ်သူနှင့် သတိုးသမီးတို့ကို ဆက်လက်ကျင်းပစေခဲ့ခြင်းလည်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment